Chapter - 31

908 128 12
                                    

Unicode

၂၂၂၅။ နောက်ဆုံးကျည်ဆန်

ကောချိုးနဲ့အရင်တွေ့ခဲ့တဲ့လူက သူ၊ ဒါပေမယ့် စစ်နန်နဲ့စုချီက ကောချိုးကို သူတို့နဲ့မျှဝေဖို့ သူ့ကိုဖိအားပေးကြတယ်။

"ကိုယ့်ခွင့်ပြုချက်မရှိဘဲ မင်း ဘယ်ကိုမှသွားခွင့်မရှိဘူး။"

စုချီက ပိုင်စိုးပိုင်နင်းဆိုကာ ကျီပေယဲ့ကို အန္တရာယ်ကြီးစွာကြည့်လာသည်။

"မင်းသွားချင်ရင်သွား၊ ဒါပေမယ့် မင်း ကောချိုးကိုခေါ်သွားခွင့်မရှိဘူး။"

"ဒီအရှုပ်ထုပ်ကြီးတစ်ခုလုံးကို မင်းစခဲ့တာပေမယ့် မင်းက ကောချိုးကိုခေါ်သွားချင်တယ်ပေါ့? မင်း ယောက်ျားရောဟုတ်ရဲ့လား?"

စုချီရဲ့အသံက အထင်သေးမှုတွေနဲ့ပြည့်နေသည်။

ကျီပေယဲ့ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ သူ့လက်ဖမိုးပေါ်ကသွေးကြောတွေမှာ ပေါက်ထွက်တော့မလိုပင်။

"ကောချိုး၊ မင်း တကယ်ပဲထွက်သွားချင်တာလား? မင်း ကိုယ်တို့ကို တကယ်ပဲထားသွားချင်တာလား?"

စစ်နန်က ကောချိုးကို စိတ်ထိခိုက်နေတဲ့မျက်လုံးတွေနဲ့ကြည့်သည်။

ကောချိုး စစ်နန်ရဲ့မျက်လုံးတွေကိုမကြည့်ရဲပါချေ။ သူက ခေါင်းငုံကာသာဆို၏။

"ကျွန်တော် ထွက်သွားချင်တယ်။ ဒါက အားလုံးအတွက် အကောင်းဆုံးပဲ။"

"မင်း ကိုယ်တို့ကိုယုံရမယ်လို့ ကိုယ်ပြောထားတယ်လေ။"

စစ်နန်က လက်ဆန့်ကာ ကောချိုးခေါင်းကိုပွတ်သည်။

ကောချိုးက ဘာမှပြန်မပြောလဲ နှုတ်ခမ်းကိုက်ထား၏။

စစ်နန်တို့သုံးယောက် အချင်းချင်းစိတ်ဝမ်းကွဲနေကြတုန်းမှာ နဉ်ရှုက ခဏစဉ်းစားကာ ပို့စ်တစ်ခုထပ်တင်လိုက်သည် : 'နောက်ဆုံးကျည်ဆန် : ကျီပေယဲ့၊ စုချီ၊ စစ်နန်နဲ့ ကောချိုးတို့ကြားက ဝိရောဓိဆက်ဆံရေး။'

နဉ်ရှုက သူတို့လေးယောက်ကြား ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အသေးစိတ်ရေးသည်၊ ပို့စ်က တကယ့်npပင်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Wo Geschichten leben. Entdecke jetzt