Chapter - 11

928 140 3
                                    

Unicode

၂၂၀၅။ လောကကြီးမှာ ကောက်ကျစ်တဲ့စိတ်ထားနဲ့လူယုတ်မာတွေ အများကြီးရှိတယ်

ဒီခွေးကောင်တွေက သူမ ကျောင်းပြန်မယ့်လမ်းမှာလာစောင့်နေကြတာ။ ဒါတွေက ကြိုတင်ကြံစည်ထားတာကြောင့်မဟုတ်ဘူးလို့ပြောရင် သူမ မယုံဘူး။

ပြီးတော့ ဒီခွေးကောင်တွေက သူမကို တကယ်အဓမ္မကျင့်ဖို့ကြံနေကြတာ။

နဉ်ရှုက လူဆိုးရဲ့လက်ကိုလွှတ်လိုက်သည်။ လူဆိုးက သူ့လက်ကိုကိုင်ကာချက်ချင်းထွက်ပြေးသွားပြီး ခဏအကြာမှာပင် အရိပ်လေးပင်မတွေ့တော့အောင်ပျောက်ကွယ်သွားတော့သည်။

"မင်း ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာသိမယ်လို့ ကိုယ်မထင်ထားခဲ့ဘူး။"

စစ်နန်က နဉ်ရှုနဲ့ အတော်လေးနီးကပ်အောင်ရပ်ကာ တီးတိုးဆိုသည်။

နဉ်ရှုက ခြေနှစ်လှမ်းပြန်ဆုတ်ကာ မြေပေါ်ကျသွားတဲ့အိတ်ကိုပြန်ကောက်လိုက်ပြီးဆိုသည်။

"လောကကြီးက အန္တရာယ်များလွန်းတယ်။ ကျွန်မက အားနွဲ့တဲ့မိန်းမသားဆိုတော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ သင်ရမယ်လေ။"

"အပြင်မှာ ကောက်ကျစ်တဲ့စိတ်ထားနဲ့လူယုတ်မာတွေအများကြီးရှိနေတယ်လေ။ သူတို့ကိုသတိထားနေဖို့ခက်တယ်။"

နဉ်ရှုက အပြုံးလေးနဲ့ဆိုသည်။

စစ်နန်က ဝေ့လည်ကြောင်ပတ်လုပ်ကာဆိုသည်။

"ငါ မင်းကို ကျောင်းလိုက်ပို့ပေးမယ်။"

"မလိုပါဘူး၊ ကျွန်မဘာသာပြန်မယ်။"

နဉ်ရှုက အိတ်ပေါ်တင်နေတဲ့ဖုန်တွေကိုခါကာ လှည့်ထွက်သွား၏။

စစ်နန်က သူမကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာကို သူမ ခံစားမိသည်။ သူ့အကြည့်က သူမကျောမှာစိုက်ဝင်နေတဲ့ဓားတစ်ချောင်းလိုပင်။

သူမ စစ်နန်ရဲ့ဘဝရင်းမြစ်ကိုကန်လိုက်တဲ့နေ့က စစ်နန်က သူမကို အဲ့လိုလုပ်ခွင့်ပေးလိုက်တယ်ဆိုတာ နဉ်ရှုခန့်မှန်းလိုက်မိသည်။

စစ်နန်က ကွေးနေတဲ့သူဖြစ်ပြီး မိန်းမတွေကိုမကြိုက်ဘူး။ ပြီးတော့ သူမကို သူကိုယ်တိုင်တစ်ခုခုလုပ်တာက သူ့ကို နိမ့်ကျစေလိမ့်မယ်၊ သူက သူ့ကိုယ်ကိုညစ်နွမ်းသွားစေပြီလို့ထင်နေတော့မှာ။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Donde viven las historias. Descúbrelo ahora