Jkအိမ်ပြန်ရောက်တော့ သောက်စရာအချို့ကိုယူလိုက်ပီး အခန်းထဲဝင်လာလိုက်သည် ပြန်ရောက်ရောက်ချင်းရေလည်းမချိုးနိုင်ဘဲ jinပြောလိုက်တာတေကိုပြန်တွေးနေမိသည် စားသောက်ဆိုင်မှာတွေ့ကတည်းကလူကစိတ်မကြည်မလင်ဖြစ်နေတာကို jinက သူ့ကို မချစ်နိုင်ဘူး သူကလွဲရင် ဘယ်သူမဆိုကိုချစ်နိုင်တယ်လို့ ပြောလိုက်တော့ စိတ်အခြေအနေကပိုဆိုးလာတော့တယ် ဒါကြောင့် jinပြောလိုက်တာတေကိုမတွေးမိအောင်လို့ ရှေ့မှာချထားတဲ့ ခွက်ကို တကျိုက်တည်းမော့ချလိုက်တော့သည် ဒါပေမယ့်လည်း အတွေးတို့က ပျောက်ပျက်မသွားဘဲ ပိုပိုပီးစိုးမိုးလာတော့သည်
ဆူယောင်း-"အမေ သမီးပြန်ရောက်ပါပီရှင့်"
ဆူယောင်း'mom-"ဒီနေ့စိတ်ကြည်နေပါလားသမီး"
ဆူယောင်း-"သတင်းကောင်းကြားရလို့ စိတ်ကောင်းဝင်နေတာပါရှင့်"
ဆူယောင်း'mom-"ဘာသတင်းကောင်းလည်း သမီး"
ဆူယောင်း-"အကိုjeonက seokjinနဲ့ စေ့စပ်ပွဲဖျက်သိမ်းမယ့်သတင်းကောင်းပါရှင့်"
ဆူယောင်း'mom-"ဟမ် စေ့စပ်ပွဲဖျက်သိမ်းမယ်တဲ့လား တကယ်လားသမီး"
ဆူယောင်း-"အခုတော့တကယ်မဟုတ်သေးဘူး မကြာခင်တော့ သေချာပေါက် တကယ်ဘဲရှင့် အ့လောက်ထိအထိနာထားတာ စေ့စပ်ပွဲမဖျက်သိမ်းရင် ဘယ်လိုလုပ်မှာလဲ တကယ်အားရလိုက်တာ"Jkတစ်ညလုံး ဆိုဖာပေါ်မှာဘဲအိပ်ပျော်သွားတော့တယ်မနက်မိုးလင်းတော့
ဒေါ်ကြီးချွဲ-"သားjeon သားjeon"
ဒေါ်ကြီးချွဲ jkလက်ကိုပုတ်နှိုးလိုက်တော့
ဒေါ်ကြီးချွဲ-"ကိုယ်တေပူနေတာဘဲ သားjeonအိပ်ယာပေါ်ရွှေ့ရအောင်နော် ဘာဖြစ်လာတာလဲ ဘာလို့ဒီလောက်ထိ သောက်ရတာလဲ ကိုယ်တေပူတာ ကြက်ဥတောင်ကြော်လို့ရနေပီ ဒီလိုလုပ်ရအောင် ဒေါ်ကြီးချွဲ အခြေအနေကြည့်ပေးဖို့ ဒေါက်တာsoobinကိုခေါ်ပေးမယ် "
Jk-"ဒေါက်တာကိုခေါ်စရာမလိုပါဘူး ကျွန်တော် ဘာမှမဖြစ်ပါဘူး"
ဒေါ်ကြီးချွဲ-" ဒါဆိုရင် ဒေါ်ကြီးချွဲ အဖျားပျောက်ဆေးယူပေးမယ်နော်"
Jk-"မလိုပါဘူး ကျွန်တော် အိပ်တော့မလို့"
ဒေါ်ကြီးချွဲ-"ဘာလို့ ကလေးလို ခေါင်းမာနေရတာလဲနော်"
YOU ARE READING
Only You
FanfictionJK-ဘာလို့တစ်မြို့လုံးမှာရှိတဲ့ယောကျ်ားတေအကုန်လုံးမင်းကိုတမ်းတမ်းဆွဲဖြစ်နေကြရတာလဲဒါပေမယ့်အ့ယောကျ်ားတေထဲမှာငါမပါဘူးဆိုတာမင်းသိထားလိုက် Jin-ဘာလို့ငါကိုအမြဲတမ်းလိုက်နှောင့်ယှက်နေတာလဲအမြဲတမ်းငါ့ကိုအထင်သေးနေတဲ့မင်းကိုမုန်းတယ်