~ 2024, early September ~
စာအုပ်သိမ်းနေတာနဲ့ အနည်းငယ် ထယ်ရယ် နောက်ကျပြီးမှ ထွက်လာမိတော့ အဆောက်အဦးအပြင်ဖက်မှာ ရစ်ခီက ရပ်စောင့်နေတယ်။
ဒီနေ့မှ ရစ်ခီက တစ်ခါမှ မမြင်ဖူးတဲ့ လိမ္မော်ရောင် ဆွယ်တာနုနုကို လက်မောင်းထိ တင်ထားပြီး ဂျင်းအပြာနဲ့ တွဲဖက် ဝတ်ဆင်ထားပေမယ့် ဒီလို အရောင်အနုနုလေးတွေနဲ့လည်း ထယ်ရယ်ကောင်လေးက ကြည့်ကောင်းနေဆဲ။
"ကြာသွားတာ ဆောရီးနော် ရှန်ရွေ့"
"အင်း ရပါတယ်။ သွားရအောင်လေ"
ပြေပြစ်တဲ့ Campus လမ်းတလျှောက် နှစ်ယောက်သား တိတ်ဆိတ်စွာသာ လျှောက်လှမ်းလျှက်။ သိပ်မကြာခင် ဆောင်းဦးကို ကူးပြောင်းတော့မှာ ရာသီဥတုကလည်း အရင်လောက်ထိ မပူတော့ဘဲ ညနေခင်းအချိန်မို့ သက်တောင့်သက်သာ ဖြစ်နေတာ။
ဘေးချင်းယှဉ်ကာ ကပ်ရက် လျှောက်နေတာမို့ တစ်ခါတစ်ရံ ထင်ရပေမယ့် အမြဲလိုလို ထယ်ရယ်ရဲ့ ခဲရောင်ဂျတ်ကတ်က လက်က ရစ်ခီ့ရဲ့ လက်ကောက်ဝတ် ဖြူဖြူလေးနဲ့ တိုက်မိဆဲ။
အတွဲဖြစ်ပြီပဲဟာ လက်တော့ ကိုင်လို့ ရတယ်မလား။ မဟုတ်သေးပါဘူး။ ရုတ်တရက်ကြီး လှမ်းကိုင်လိုက်ရင် ဟိုက ကြောင်သွားမှာ။ တွဲရအောင်လို့လည်း အရင် ပြောထားသေးတာ လက်ပါ စကိုင်ရင် မဟုတ်သေးပါဘူးလေ ကင်မ်ထယ်ရယ်ရဲ့။
"Rae လို့ ခေါ်ချင်လို့"
တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ ကိုယ် ရစ်မြောနေတုန်း ရုတ်တရက် ပြောလာတဲ့ ရစ်ခီအသံကြားမှသာ ထယ်ရယ် သတိဝင်ကာ
"ရတယ်လေ။ ဘာလို့ Rae လဲ"
"ဒီတိုင်း။ နာမည်သုံးလုံးထဲမှာ အဲ့နာမည်ကို အကြိုက်ဆုံးမို့။ ပြီးတော့ Rae က အဲ့စာလုံးလေးနဲ့ အလိုက်ဆုံး ထင်တာပဲ"
ခပ်ရေးရေးလေး ပြုံးရင်း သူ့ဖက်ကို လှမ်းကြည့်ကာ ပြောလာတဲ့ ရစ်ခီ့စကားကြောင့် ထယ်ရယ် ပါးချိုင့်လေးတွေ ပေါ်တဲ့အထိ ပြုံးရင်း
"ဘယ်သူမှ မခေါ်ဖူးလို့ စိမ်းသက်သက် ဖြစ်နေပေမယ့် မဆိုးပါဘူး။ ရှန်ရွေ့ကိုလည်း ရှန်ဆိုပြီး ခေါ်လို့ ရတယ်မလား"
YOU ARE READING
𝐏𝐚𝐥𝐥𝐨𝐧𝐜𝐢𝐧𝐢
Fanfiction"Maybe, we got lost in translation" // Ricky and Taerae • Written in burmese • Fanfiction