Chapter 4

470 59 4
                                    

~ 2023, August ~

လက်ထဲက Hiking Club ရဲ့ ဒီနှစ် ခရီးတိုပလန်ကို ကြည့်ရင်း ပြုံးစိစိ။ ဒီ semester မှာတော့ စာပဲမဟုတ်ဘဲ activities တွေရှိသမျှ အကုန်လုပ်ပစ်မယ်လို့ ထယ်ရယ် စဉ်းစားထားတယ်။ ဒီအတွေ့အကြုံတွေက အခုအသက်အရွယ်မှာပဲ ရနိုင်တာမလား။

"ထယ်ရယ် ငါတို့ ဒီမှာ"

Canteen ထဲအဝင် ထိုင်နေကျ ဝိုင်းကနေ မက်သရူးတို့က လက်လှမ်းပြတာမို့

"မင်းတို့ စောလှချည်လား"

"ဒီ Semester ရဲ့ ပထမဆုံး ရက်မို့လေ"

"ထယ်ရယ် လက်ထဲက ဘာကြီးလဲ။ Hiking Trip?"

လက်ထဲက ထယ်ရယ်ကိုင်ထားတာကို ယူကြည့်ရင်း ဂယူဘင်းက မေးတယ်။

"ဟုတ်တယ်။ လိုက်သွားမလားလို့ စဉ်းစားနေတာ"

"ဝိုးးး ကင်မ်ထယ်ရယ်... နောက်ဆုံးတော့ စာကြမ်းပိုးက ကျောင်း activities တွေ စလုပ်တော့မယ်ပေါ့"

ဂယူဘင်းအမေးကို ပြုံးဖြီးဖြီး ပြန်ဖြေရင်း မက်သရူးက အနားကပ်ကာ

"ရစ်ခီရှန်ကို မေ့ချင်လို့ ကြိုးစားအားထုတ်နေတာများ မသိရင် ခက်မယ်"

"သိနေရင်လည်း ငြိမ်ငြိမ်နေလေ။ သူများတွေ သိကုန်မယ်"

ဟုတ်တယ်လေ။ မစခင်တည်းက ပိတ်လိုက်ရတဲ့ ထယ်ရယ်ရဲ့ဇာတ်လမ်းလေးကို မေ့ဖို့ ပိတ်ရက်အတွင်းမှာ ဘယ်လောက် ရုန်းကန်ခဲ့ရလဲ။ အခုတော့ တကယ် မေ့ပစ်ပါပြီ။ Semester အသစ်၊ စာတွေ အသစ်မှာ ကြိုက်တဲ့သူ နောက်တစ်ယောက်ရှာပြီး စိတ်သစ် လူသစ် နေ...

"ဒါနဲ့ ရစ်ခီက သူ့ရည်းစားနဲ့ ပြတ်သွားပြီတဲ့"

ရုတ်တရက် ပြောလိုက်တဲ့ ဂယူဘင်း စကားကြောင့် ထယ်ရယ် သောက်နေတဲ့အအေးတောင် သီးလုနီးပါး။

"ဘယ်တုန်းကလဲ"

"မနေ့ကလေးတင်တဲ့ အိုလီပြောတာ။ အတန်းစတော့မယ် သွားကြစို့"

"ကင်မ်ထယ်ရယ် မင်းရဲ့ ပိတ်ကားက ပြန်ဖွင့်လို့ရပြီနဲ့တူတယ်နော် ဟဲဟဲ"

အတန်းဆီလျှောက်ရင်း ဘေးက စပ်ဖြဲဖြဲနဲ့ လိုက်စနေတဲ့ မက်သရူးကို ထယ်ရယ် အသာ ပုတ်ထုတ်ရတယ်။ 

𝐏𝐚𝐥𝐥𝐨𝐧𝐜𝐢𝐧𝐢Where stories live. Discover now