// 𝐜𝐨𝐬ì 𝐯𝐢𝐜𝐢𝐧𝐨 𝐞𝐩𝐩𝐮𝐫𝐞 𝐜𝐨𝐬ì 𝐥𝐨𝐧𝐭𝐚𝐧𝐨
လေလိုရာအတိုင်း လွင့်ချင်ရာ လွင့်နေတဲ့ ကြိုးမဲ့စွန်လေးတစ်ခုကို လိုချင်တဲ့စိတ်တစ်ခုတည်းနဲ့ လိုက်ဖမ်းခဲ့ဖူးလား ?
တစ်ချိန် ကံတရားက အခွင့်သာလို့ ကြိုးမဲ့စွန်လေးက ကိုယ်ရှိရာဆီ ရောက်လာတဲ့အခါ ... စွန်လေးရဲ့ ပိုင်ရှင်အစစ်ကရော ကိုယ်ဖြစ်နေတာ သေချာရဲ့လား ?
ရိုမီယိုနဲ့ ဂျူးလီယက်တို့ရဲ့ ဇာတ်လမ်းက ကြေကွဲစရာသိပ်ကောင်းတယ်လို့ လူတွေက သတ်မှတ်ကြတယ်။ ဒါပေမယ့် တကယ်ရော အဲ့လို ထင်ရရဲ့လား ?
သူတို့ရဲ့ ရဲဝင့်တဲ့ ချစ်ခြင်းတရားတွေက အခုချိန်ထိ ရှင်သန်ခွင့် ရခဲ့ကြတယ်လေ။ တစ်ခါတလေ ကျွန်တော်တို့ လိုအပ်နေတာက ဒီလို လုပ်နိုင်ခွင့်လေး ဖြစ်နေမှာပါ။
ရစ်ခီက မိုးပျံပူဖောင်းလေး တစ်ခုသာဆိုရင် ထယ်ရယ်ကတော့ ပြင်းပျစွာနဲ့ ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံ ဖြစ်လောက်မယ်။ သူတို့နှစ်ယောက်ကြားက ပါးလွှာတဲ့ ကြိုးတစ်ချောင်းက ဘယ်အရာတွေကို သယ်ဆောင်လာခဲ့တာလဲ။ သိမ်မွေ့ခြင်း၊ ပျော်ရွှင်ခြင်း၊ နက်နဲခြင်းနဲ့ တိတ်ဆိတ်ခြင်းတွေ .....
အင်း တစ်ခုခုတော့ ဖြစ်မှာပါ။ ဒါမှမဟုတ် အကုန်လုံးလည်း ဖြစ်နိုင်တာပေါ့။
----------------------
စိတ်ကူးတချို့ကို ရေးချချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဖြစ်တည်လာတဲ့ fan fic တစ်ခုမို့ အတူ လိုက်ပါပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ 🫶🏻
YOU ARE READING
𝐏𝐚𝐥𝐥𝐨𝐧𝐜𝐢𝐧𝐢
Fanfiction"Maybe, we got lost in translation" // Ricky and Taerae • Written in burmese • Fanfiction