Chapter 11

378 64 8
                                    

~ 2029, November ~

ကိုရီးယားကို ပြန်ရောက်လာတဲ့အချိန်တည်းက ထယ်ရယ် သိပ်မအား။ ကမ်းလှမ်းထားတဲ့ ဇာတ်ညွှန်းတစ်ခုအတွက် ရေးနေရတဲ့အပြင် သိပ်မကြာခင် ထုတ်မယ့် စာအုပ်အသစ်အတွက်ရောပါ အာရုံစိုက်နေရတာကြောင့်။

ပြီးတော့ ရှန်နဲ့ စကားမပြောဖြစ်သည်မှာ အဲ့နေ့ပြီးတည်းက။ နှစ်ယောက်လုံး ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာလည်း ပါသလို အနေခက်တဲ့ စကားတွေပြောပြီး ပြတ်တောက်သွားတဲ့ အစိမ်းသက်သက် လေထုကြောင့်ဆိုလည်း မမှား။

"မင်းမှာထားတာ ရပြီ"

သူ့ဘေးနားကို မက်သရူး လာချပေးတဲ့ Latte ပူပူလေးကို ကြည့်ကာ တစ်ချက်ပြုံးရင်း တစ်ငုံ သောက်လိုက်တယ်။

"မင်းစာအုပ် အသစ်ထုတ်ဖို့အတွက် အချိန်က မှီရဲ့လား ဒီတိုင်းဆို"

သူ့ရှေ့က စားပွဲမှာ လက်ထဲက သူ့ဆိုင်စာရင်းစာအုပ်တွေကိုချကာ ထိုင်ရင်း မေးလာတဲ့ မက်သရူးကို။

"မှီပါတယ်။ သုံးလပိုင်းမှဆိုတော့ အခု ဇာတ်ညွှန်းကလည်း ပြီးတော့မှာပဲ"

"ဒါနဲ့ ရစ်ခီတောင် ရုပ်ရှင်တစ်ခုအတွက် ကမ်းလှမ်းခံထားရပြီဆို။ မင်းတို့နှစ်ယောက်လုံး ပြိုင်တူ နာမည်ကြီးတော့မှာပဲ ဟားဟား"

ခဏ အခု မက်သရူး ပြောလိုက်တာက ဘာလဲ။

"ထယ်ရယ် မင်းပုံစံက ဘယ်လိုကြီးတုန်း။ အဲ့ဒါကို မသိသေးတာလား။ မနေ့က ငါ့ကို ဂယူဘင်း ပြောပြသွားတာ"

မကြားဖူးတဲ့ အကြောင်းအရာတစ်ခုကို ကြားလိုက်ရတဲ့ သူတစ်ယောက်လို သူ့ပုံစံက ကုပ်ကုပ်လေး ငြိမ်သွားတာမို့။

"အင်း ငါမသိသေးဘူး။ ငါရော ရှန်က အလုပ်ရှုပ်နေလို့"

"မင်းနဲ့ ရစ်ခီ နှစ်ယောက်ကြား အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်။ ဒီတိုင်း ငါတို့ အလုပ််များနေလို့ စကားမပြောဖြစ်ကြရုံပါ"

တချို့အရာတွေကျ တခြားသူတွေကို ပေးမသိတာ အကောင်းဆုံး မဟုတ်လား။

------------X------------

"ဒီနေ့ တာဝန်ကျေပါတယ် ရစ်ခီ"

"ဟုတ်ကဲ့။ ဒါဆို ကျွန်တော်ပြန်ပြီနော်"

𝐏𝐚𝐥𝐥𝐨𝐧𝐜𝐢𝐧𝐢Where stories live. Discover now