Chapter 8

359 61 10
                                    

~ 2024, December 31 ~

'New Year theme နဲ့ ရိုက်ထားတယ် ဒီပုံလှလား'

'အင်း'

'မနက်ဖြန်တွေ့ရင် အတူတူ ရိုက်ကြမလား'

'Rae ကလည်း ကိုယ်ဓာတ်ပုံရိုက်ရတာ မကြိုက်ဘူး'

'12 ထိုးပြီ။ Happy New Year ရှန်'

'Happy New Year ပါ Rae'

လင်းနေတဲ့ ဖုန်းစခွင်ကို ပိတ်ချလိုက်ပြီး မနက်ဖြန် date အတွက် alarm ပေးဖို့ ထယ်ရယ်ပြင်တယ်။ ဒီနှစ်က ထယ်ရယ့်အတွက် ရှန်နဲ့အတူတူ ဖြတ်သန်းရမယ့် ပထမဆုံးနှစ်။

နှစ်သစ်ပေါင်းများစွာကို ဖြတ်သန်းဖူးပေမယ့် ဒီတစ်ခါလောက် ထူးခြားတာ မရှိဘူးလို့ ယူဆမိတယ်။ အတူတူရှိချင်တဲ့သူကလည်း ဘေးမှာ၊ အတူတူရှိချင်တဲ့ အချိန်တွေရော။

-------------X------------

~ 2025, January ~

"ရှန် အဲ့နားကနေ ဒါလေး ပေါ်အောင် ရိုက်ပေး"

"အင်း။ ရပြီ ဘယ်လိုနေလဲ"

လှမ်းထိုးပေးတဲ့ ဖုန်းကပုံထဲမှာ ရိုက်ထားတဲ့ သုံးလေးပုံက ဝါးနေပေမယ့်။

"မဆိုးပါဘူး"

ထယ်ရယ်ကို ဖုန်းလှမ်းပေးပြီးတော့ သူ့ရှိရာဖက်ခြမ်းကို ရှန်က ပြောင်းရင်း

"ညကလေ အိုလီ ရယ်ရတယ်သိလား"

"ဘာလို့လဲ"

"12 ကျော်ကျော်ချင်း ကိုယ့်အခန်းထဲ အတင်းဝင်လာပြီး ချစ်တယ် လိုက်ပြောနေလို့။ နှစ်သစ်မှာ ကိုယ်နဲ့ ဂယူဘင်းကို ပထမဆုံး ချစ်တယ် ပြောတဲ့သူက ကိုယ်တို့ရည်းစားတွေ ဖြစ်လို့စိုးလို့တဲ့လေ"

ပြောရင်းနဲ့ သွားလေးတွေပေါ်တဲ့အထိ ရယ်နေတဲ့ ရှန့်ကို ကြည့်ရင်း ထယ်ရယ် လိုက်ပြုံးမိတယ်။

"သူကလဲ ရည်းစားတွေက စပြောတော့ ဘာဖြစ်လို့တုန်း"

"ဟုတ်ပါ့ကွာ"

စားစရာရှိတာစားရင်း ခေါင်းငုံ့ကာ ရှန့်ဖက် အာရုံစိုက်ထားတာတောင် အချိန်အတော်ကြာတဲ့အထိ အိုလီပြောတဲ့စကားလို ရှန်ပြောလာတာကို ကြားချင်ပေမယ့် ရှန်က မပြောခဲ့ဘူး။

အင်း ကြည့်ရတာ ထယ်ရယ်က ဖြစ်ချင်တာကို ထုတ်မပြောဘဲ အောင့်အီးတတ်တာမို့ ရှန်က မသိတာနေမှာပါ...

𝐏𝐚𝐥𝐥𝐨𝐧𝐜𝐢𝐧𝐢Where stories live. Discover now