'ဒုန်း!'
"ဒါကအတော်ဆိုးရွားတာဘဲ!!"
Gemini ၏အော်သံကြောင့် fourth အိပ်ခန်းမှသက်ပြင်းချကာထွက်လာသည်။
"ဒီတစ်ခေါက်ကရော ဘာဖြစ်တာလဲ?"
ထိုလူထိုင်နေသောဘေးနားသို့ဝင်ထိုင်လိုက်ကာ မေးလိုက်တော့
"ငါအခုတွဲနေတဲ့ကာင်မလေးကကွာ နောက်တစ်ယောက်နဲ့တွဲသွားတာတဲ့ ဒါဖြစ်သင့်ရဲ့လား မင်းဖြေကြည့်ပါအုန်း fourth!"
သူ့ဘက်သို့လှည့်ကာ လက်ဟန်ခြေဟန်ဖြင့်ရှင်းပြလာသည်လေ...သက်ပြင်းဖွဖွချကာ
"အင်း မင်းကရော သူတစ်ယောက်ထဲတွဲနေတာဟုတ်လို့လား?"
"အေးဟ ငါ့မှာ ၃ယောက်လောက်တော့ရှိသေးတယ်"
"အင်းအဲ့တာကြောင့်မင်းလဲဒေါသထွက်နေစရာမလိုဘူး သူလဲမမှားဘူး "
ပြောပြီးပြီးချင်းပင် ထကာ အိပ်ခန်းထဲသို့ပြန်ဝင်လာခဲ့သည်...အခန်းတံခါးကိုလော့ချကာ စာရေးစားပွဲပေါ်ပြန်ထိုင်လိုက်သည်...ဘောပင်ကိုစကိုင်လိုက်စဉ်မှာပင် တားစီးမရနိုင်စွာ မျက်ဝန်းအိမ်များမှ မျက်ရည်များဟာ စာအုပ်ပေါ်သို့ အဆက်မပြတ်ကျနေခဲ့သည်....သူတွေးမိသည်..သူ့အဲ့လောက်တောင်အရေးမပါတဲ့သူဘဲလား? Gemကဘဲသူ့ခံစားချက်တွေကိုမမြင်တာလား....သူကဘဲမဖော်ပြနိုင်ခဲ့တာလား?သူနဲ့ Gemဟာငယ်ပေါင်းတွေပါ အမြဲတပူးတွဲတွဲနဲ့ရှိနေတတ်ကြတယ် ဒါပေမဲ့ အထက်တန်းမှာထဲကစပြီးသူဟာ Gemအပေါ်သူငယ်ချင်းထက်ပိုတဲ့စိတ်တွေဝင်လာခဲ့မိတယ်...အဲ့လိုဝင်လာတဲ့အချိန်မှာဘဲ Gemဆိုတဲ့လူဟာ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားလာခဲ့တယ်...သူ့ရှေ့မှာပင် တွဲပြခဲ့သည်မှာ ရေတွက်လို့ပင်မရနိုင်တော့အောင်များပြားလှသည်လေ..ကိုယ်ချစ်ရသူဟာ သူတစ်ပါးနဲ့ပျော်ပါးနေခဲ့တဲ့မြင်ကွင်းကြီးကို ကွင်းကွင်းကွက်ကွက်ကြီးမြင်ခဲ့ရတဲ့သူအဖို့ နှလုံးသားကိုတစ်စစီ ဆုတ်ဖြဲသွားခဲ့သလိုပင်...သိပ်ကိုနာကျင်ခံစားခဲ့ရသည် ထိုလူမသိအောင်ခိုးငိုခဲ့ရတဲ့ညပေါင်းများစွာဟာ အတိုင်းအတာမဲ့စွာ....အထက်တန်းထဲကစခဲ့သည့်ကိစ္စမှာ တက္ကသိုလ်ကျောင်းသားဖြစ်သည်အထိ ဆက်လုပ်နေဆဲ သူဟာလည်း အထက်တန်းတုန်းကလိုဘဲ ငိုမြဲငိုစဲ...Gemက စာတော်သည် ချမ်းသာသည် ဉာဏ်ကလည်းကောင်းသည် ရုပ်ရည်ကပြောစရာမလိုအောင်ချောမောလွန်းသည်....အဲ့အချက်တွေကြောင့် မိန်းမလှတွေဟာ ထိုလူနားမှာဝိုင်းဝိုင်းလည်နေတာဖြစ်သည်...သူအားကျမိသလို သဝန်လဲတိုမိသည် စိတ်မကောင်းလဲဖြစ် ဝမ်းလည်းဝမ်းနည်း ဒေါသလဲထွက်မိသည် သို့သော် ထိုအချက်ထဲက ဘယ်အချက်ကိုမှ သူ Gemရှေ့ထုတ်မပြနိုင်ခဲ့ပါ မပြနိုင်တာထက်မပြခဲ့တာဆိုပို၍မှန်သည်...အမှန်တရားကိုသိသွားပါက သူ့ကို အထင်သေးသွားနိုင်သည် မုန်းပါမုန်းသွားနိုင်သည်လေ...သူသတ္တိမရှိပါ Gemအမှန်သိဖို့ထက် Gemသူ့ကိုမုန်းသွားမှာကိုသူမလိုလားပါ...မျက်ရည်များကိုအကြမ်းပတမ်းဆွဲသုတ်ကာ ကျစ်နေအောင်ကိုင်ထားသည့်ဘောပင်လေးအား လွှင့်ပစ်လိုက်သည်။
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~