Fourth တို့ပန်းခြံရှေ့ရောက်လေတော့ ကားထိုးရပ်ကာ ပန်းခြံအတွင်းသို့ဝင်လာခဲ့ကြသည်... အရမ်းအကြီးကြီးမဟုတ်သလို ခပ်သေးသေးပြန်လည်းမဟုတ်... အတန်အသင့်လေးနဲ့ သူဟာသူတော့နာမည်ရှိသည့်ပန်းခြံလေးပင် တက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့်အနီးနားရှိ လူအနည်းငယ်လောက်သာသိသည့်နေရာဖြစ်တာကြောင့် လူလည်းသိပ်မရှိလှပေ..... ပန်းခြံအတွင်းဘက်ရှိ စားပွဲဝိုင်းလေးတစ်ခု၌သူတို့ထိုင်လိုက်ကြသည်..
"ကဲ ရောက်တော့ရောက်လာပါရဲ့ ဘယ်သွားကြမတုန်း"
Promမှာ နဖူးရှိကျနေသောချွေးများကိုလက်ဖြင့်သုတ်ရင်း မေးလာသည်.....
"ဟာကွာ မင်းတို့ဘယ်သွားသွား ဘာလုပ်လုပ် ညနေကျရင် ဒီနေရာမှာဘဲပြန်ဆုံမယ် ဟုတ်ပြီလား"
အဖွဲ့ထဲတွင်အငယ်ဆုံးဖြစ်သော်လည်း ဒေါသကြီးသလိုစိတ်လည်းမရှည်တတ်ပေ...တစ်ခုခုဆို တဇွတ်ထိုးထလုပ်တတ်သည့် Fourth အားသူတို့ နည်းနည်းကြောက်မိသည်မှာ အမှန်ပင်....
"ဟုတ်ပါပြီ မင်းကဘယ်သွားမလို့လဲပြောကြည့်ပါအုန်း"
Winပခုံးပေါ်လက်တင်ကာ မျက်ခုံးတစ်ဖက်ပင့်ရင်း မေးလာသော satang အား မျက်စောင်းတစ်ချက်ထိုးလျက်...
"ငါ ဒီလိုဘဲစိတ်အပန်းဖြေဖို့သွားချင်ရာသွားမှာ မင်းရော captain "
ပြောဆိုရင်းပင် ဘေးနားတွင်ထိုင်နေသောလူအား လက်ညှိုးထိုးလျက်မေးလိုက်သည်...မျက်မှန်တပ်နေသော captain မှာလည်း ခေတ္တမျှရပ်တန့်သွားကာ...
"အင်း...ငါဒီမှာဘဲ ငါ့ project လေးကိုအပြီးသတ်လိုက်မယ် ဒါဆိုအိမ်မှာလုပ်စရာမလိုတော့ဘူးပေါ့"
"ဒီစာဂျပိုးနဲ့တော့လား"
Promမှာ captain အားကြည့်ရင်းခေါင်းခါလျက်...
"မင်းရော ဘယ်သွားမှာလဲ"
"မုန့်သွားစားမှာ"
"မင်းတို့ကရော satang "
"အချစ်ကိုမေးကြည့်လေ"
သိရအောင်မေးသော်လည်း ရည်းစားကို ရှေ့တန်းတင်ကာ ပြောနေသော satang အား ဖြတ်ရိုက်ချင်စိတ်ကိုချိူးနှိမ်ရင်း ရေခဲထက်တောင်အေးစက်လှသော Winဘက်သို့လှည့်ကာ တစ်ဖန်ထပ်မေးကြည့်လိုက်သည်...
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~