Gemini တစ်ယောက် ခုတင်ပေါ်တွင်အိပ်ရင်း အတွေးတချို့ဟာသူ့ခေါင်းထဲဖြတ်ခနဲဝင်လို့လာသည်...
Flash back>>>>>>
Fourth ထွက်သွားပြီးနောက် စားပွဲဝိုင်းတွင် Gemini နဲ့ Nook သာကျန်နေခဲ့သည်...သို့သော်လည်း fourth ရှိနေတုန်းကလိုချိုချိုမြိန်မြိန်တော့မဟုတ်...နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကျောက်ရုပ်တွေလိုမလှုပ်မယှက်ထိုင်နေခြင်းပင်...ခနကြာတော့ သူ့ရှေ့မှ သူသိပ်ချစ်လှပါသည်ဆိုသောကောင်မလေးဟာ သူမဖြေနိုင်သောမေးခွန်းတစ်ခုကိုမေးလာသည်..
"ကိုကို နွတ်ကိုတစ်ကယ်ချစ်တာရောဟုတ်ရဲ့လား?"
"ဘယ်လိုမေးလိုက်တာလဲ Nook!"
"နွတ်မေးတာကိုဘဲဖြေပါ.. နွတ်အတည်မေးမယ် ကိုကိုနွတ်ကိုချစ်တာလား ဒါမှမဟုတ် ကိုကို့သူငယ်ချင်းကိုချစ်နေတာများလား?"
"ကိုကိုမဖြေနိုင်ဘူး နွတ် ကိုကို..."
သူဘာပြောရမှန်းမသိစဉ်းစားနေချိန်မှာဘဲ ရှေ့က ကောင်မလေးဟာ သဘောပေါက်ဟန်ဖြင့်လက်ကာပြလိုက်သည်..
"တော်ပြီကိုကို ရပြီ...ကို့ကို့အဖြေကဘာလဲဆိုတာ ကိုကိုမပြောလဲနွတ်သိပြီ"
"ဘာသိတာလဲ?"
"နွတ်တို့ပြတ်ရအောင် ကိုကို နွတ်တို့မဖြစ်နိုင်ဘူး!"
"မဟုတ်..နွတ် ကိုကိုမင်းကိုအတည်ချစ်တာပါ "
ထသွားရန်ပြင်နေသော သူမ၏လက်အားဆွဲကိုင်ကာ ထွက်မသွားဖို့ရာပင်တစ်သွင်သွင်တားနေမိသည်...သူတားလေတော့ သူမဟာသူ့ဘေးနားတွင်ဝင်ထိုင်လိုက်ရင်းသူ့လက်ကိုကိုင်ကာ...
"ကိုကို နွတ်ပြောတာသေချာနားထောင်ပါ"
သူဘာမှပြန်မပြောခဲ့...သူမပြောမည့်စကားကိုသာနားစွင့်နေလိုက်သည်။
"ကိုကို နွတ်ကိုချစ်ခဲ့တယ်ဆိုတာမှန်ပါတယ်..ဒါပေမဲ့ ကိုကို့ရင်ထဲမှာအခု နွတ်မဟုတ်ဘဲဘယ်သူရှိနေလဲဆိုတာ နွတ်သိတယ်...ကိုကိုက ကိုယ့်ရဲ့မသိစိတ်ကိုလျစ်လျူရှုနေတာ နွတ်ကိုကိုနဲ့တွဲလာတာ ၃နှစ်ရှိနေပြီ နွတ်က ကို့ကို့အကြောင်းမသိဘဲနေပါ့မလား ကိုကို...ခုကို့ကိုနှလုံးသားထဲမှာ Fot fotက လွဲရင်ဘာမှမရှိတော့ဘူးဆိုတာကိုကို့မျက်လုံးထဲမှာပေါ်နေတယ်.သူ ဆေးရုံရောက်ခဲ့တုန်းကလဲ ကိုကိုသူ့ဘေးမှာတစ်ချိန်လုံးရှိနေခဲ့တယ်....သူနဲ့ဆိုကိုကိုအမြဲပြုံးနေတာ ကိုကိုသိသင့်တယ်...သွားပါ ကိုကို့စိတ်ထဲဘယ်သူရှိလဲကိုကိုသေချာအောင်လုပ်ပါ...ကိုကို့မသိစိတ်ကိုကိုကိုမြင်အောင်ကြည့်ပါ"
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~