16🍂

1.1K 91 13
                                    

ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်ရှေ့တွင် ခန္ဓာကိုယ်ကိုရှေ့လှည့်နောက်လှည့်ဖြင့်ကြည့်နေသော Fourth တစ်ယောက်နှင့် အခန်းတံခါးဝတွင်မှီရပ်ကာ ရှိုးထုတ်နေသောကောင်လေးအားလက်ပိုက်လျက်ကြည့်နေပါသော ‌Gemini....

Fourth ကတော့အပေါ်က T-shirt စိမ်းပြာရောင်ခပ်ပါးပါးနှင့်အောက်ကဂျင်းပြာသားဘောင်းဘီရှည်ကိုဆွဲတင်လိုက်ရင်းသေချာကျနနေအောင်ဝတ်ဆင်ထားကာ Gemini ကတော့ အပေါ်ကလက်ရှည်အင်္ကျီကိုမှ ရင်ဘတ်ရှိကြယ်သီးနှစ်လုံးအားဖြုတ်ထားကာအင်္ကျီလက်အားနှစ်ခေါက်စီခေါက်တင်ထားလျက်..အောက်မှဘောင်းဘီအနက်ရောင်အရှည်ကိုဝတ်ဆင်ထားပုံမှာ သာမန်ဆိုသော်ငြားလည်း ကြည့်လိုက်တာနဲ့ ပစ်ကြွေချင်စရာ Type ကြီးပင်...!

သူ့မျက်နှာကိုတစ်ချက်ကြည့်ကာအရာအားလုံးဟာသူ့စိတ်တိုင်းကျဖြစ်ပြီဆိုကာမှ မှန်ရှေ့ကခွာလိုက်သည်...

"သွားတော့မှာလား?"

သူအသံလာရာဘက်သို့လှည့်ကြည့်မိလိုက်တော့ စမတ်ကျကျရပ်နေရင်းကားသော့ကိုဝှေ့ရမ်းကာသူ့အားပြောလာပုံကအရမ်းကိုပင်ဆွဲဆောင်မှုရှိနေသည်‌....

"အင်း"

တစ်လုံးသာပြောရင်းရှေ့မှအရင်ထွက်လာခဲ့လိုက်သည်....Gemကအရမ်းချောလွန်းနေတယ်~

Car parking ရောက်လာကြသည်...ကားပေါ်သို့တက်ကာထိုင်နေရာမှGemကသူ့ဘက်လှည့်ကာကြည့်လာသည်...အစကတော့ဒီတိုင်းဘဲဟုထင်မှတ်လိုက်ရင်းမသိသလိုပင်နေလိုက်သည်...သို့သော် Gemဟာသူ့အပေါ်ဘက်ကိုအုပ်မိုးလာတာကြောင့် မျက်လုံးများပြူးသွားရသည်လေ..
သူအံ့ဩနေတုန်း Gemဟာခါးပတ် ပတ်ပေးသည်ကြောင့် သက်ပြင်းခပ်ဖွဖွချလိုက်သည်...

Gemတစ်ချက်မျှပြုံးကာသူ့‌ကိုယ်ပေါ်မှဖယ်ခွာသွားသည်...ထို့နောက် Barဆီသို့ စတင်ထွက်ခွာခဲ့ပါတော့သည်...

...................................

မီးရောင်စုံအောက်တွင်ရမက်မီးများဟုန်းဟုန်းတောက်နေသောလူများကြားထဲသို့နှစ်ယောက်သားတိုးဝင်လိုက်ကြသည်....

သူမျက်လုံးကစားရင်းချိန်းဆိုထားသောလူများအားရှာဖွေကြည့်လိုက်တော့မတွေ့....ဒါ့ကြောင့်ပင် သူဖုန်းကိုထုတ်ကာ Line app ကိုဖွင့်၍......

𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎Where stories live. Discover now