"ဘယ်လိုနေလဲ အရသာ"
ဟင်းပွဲများကိုတစ်ခုမကျန်လိုက်မြည်းနေသော Gemini နဲ့ ဖုန်းသုံးနေရင်းမေးလေသော Fourth
"မင်းချက်တာအကုန်စားကောင်းတယ်"
"စားကောင်းရင်လည်းစား ပြီးရင်စာလေးဘာလေးသွားလုပ် ရည်းစားနဲ့လည်တာလေးတွေလျော့.."
Fourth မှာအမှုမဲ့အမှတ်မဲ့ပြောလိုက်သော်လည်း...Gemမှာဘာထင်သွားသည်မသိ...ထိုင်နေရာမှ ရေခဲသေတ္တာနားတွင်မှီရပ်နေသောသူ့နားလို့ရောက်လာကာ ဘယ်သူမှမထိတွေ့ရသေးသောခါးသွယ်သွယ်လေးတွေအား ဆွဲဖက်လိုက်သည်...
"အာ့ Gem!"
ရုတ်တရက်ဆိုသလို ဆွဲဖက်ခံလိုက်ရမှူကြောင့် ခဏတာတော့ကြောင်အသွားမိသည်...ဘာကဘယ်လိုမှားနေတာလဲမသိပေမဲ့...Gemကဘာလို့ရုတ်တရက်ကြီးပြောင်းလဲသွားရပြန်တာလဲ!!!!
"လွှတ်စမ်း Ai Gem!! ×ီးဖြစ်နေတာလား"
သူ့ရင်ဘတ်ကိုထုရိုက်နေသောကောင်လေး၏လက်အားချုပ်လိုက်ကာ ရေခဲသေတ္တာနှင့်ကပ်ထားလိုက်တော့ ဒေါသထွက်နေသည့် မျက်ဝန်းလေးတစ်စုံက သူ့ကိုမော့ကြည့်လာခဲ့သည်လေ..
"သဝန်တိုနေတာလား ငါ့ကို?"
ရုတ်တရက်ထမေးလာသည့်မေးခွန်းကြောင့် Fourth ဘာဖြေလို့ဖြေရမှန်းမသိ..သူလည်းဘာပြောမိလို့လည်းစဉ်းစားကြည့်သည်..နောက်မှ...ပါးလေးနှစ်ဖက်နီမြန်းကာ...
"မဟုတ်ပါဘူးဟ စာမေးပွဲနီးနေလို့သတိပေးတာပါ.."
"အမ်? နောက်လမှပါ"
သူမသိတော့ ရင်ခုန်လွန်းတာကြောင့်ပါးစပ်ထဲရှိရာလျှောက်ပြောမိလိုက်တယ်...သူအခုချိန်မှာ ရင်မခုန်ဘူးဆိုတာကမှထူးဆန်းနေမှာမဟုတ်လား...ချစ်ရတဲ့တစ်ဦးတည်းသောလူနဲ့ နီးကပ်စွာရှိနေတဲ့အပြင် မျက်နှာချောချောကိုလည်းနီးကပ်စွာငေးကြည့်ခွင့်ရသည်လေ..ထိုလူ၏အသက်ရှူသံဟာလဲတစ်ချက်တစ်ချက် သူ့ရဲ့နှလုံးကိုလာရိုက်ခတ်နေတာမို့ နှလုံးခုန်နှုန်းဟာ နှစ်ဆ....
"Gemဖယ်ပါတော့ ငါမနေတတ်တော့ဘူး..."
အကြမ်းနည်းသုံးမရတဲ့အဆုံး အနုနည်းကိုသုံးကာထွက်ဖို့ကြံရွယ်လိုက်တော့တယ်..လေသံကိုတတ်နိုင်သမျှအနူးညံ့ဆုံးလျော့ကာ ရှေ့ရှိ လူသားအား ပြောလေတော့ သူ့ကို မချီကာအိပ်ခန်းထဲခေါ်သွားခဲ့သည်လေ...
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~