"မုန့်ရပြီ fourth!"
"အင်းကျေးဇူးဘဲ"
ပြောရင်းပင် Gemကမ်းပေးလာသောမုန့်ထုပ်အားလှမ်းဆွဲလိုက်သည်...
'Raing....Raing..'
Gemဖုန်းလာသောကြောင့် fourth နားမှထွက်လာလိုက်သည်..
"ဟယ်လို နွတ်..!"
"ကိုကို ဒီနေ့အားလား"
"အားပါတယ်..ဘာဖြစ်လို့လဲ နွတ်"
"နွတ် ကိုကို့ကိုတွေ့ချင်လို့ အဲ့တာ နွတ်ဆီလာခဲ့ပါလားဟင် အိမ်မှာနွတ်တစ်ယောက်ထဲမို့ပါ"
"ဟုတ်ပြီ ဟုတ်ပြီ ကိုကိုခနနေလာခဲ့မယ် အိမ်မှာဘဲစောင့်နေနော်"
"ဟီး..ဟုတ် ဒါဆိုမြန်မြန်လာနော်ကိုကို"
"ဟုတ်ကဲ့ပါဗျာ"
Fourth ရုတ်တရက်ဗိုက်အောင့်လာတာကြောင့် toilet သွားဖို့ရန်ထလာခဲ့သည်...အခန်းရှေ့မှဖြတ်လျှောက်စဉ် အခန်းထဲမှ Gemဖုန်းပြောနေသံတစ်ချို့ကိုကြားလိုက်ရသည်လေ...ရင်ဘတ်ထဲအောင့်ခနဲဘဲ!
သူအခန်းရှေ့ရပ်နေမိသည်..ရုတ်တရက်တံခါးဖွင့်သံကြားလိုက်သောကြောင့် Gemထွက်လာမှန်းသိလိုက်သည်..
"အမ် fourth ဒီမှာဘာလုပ်နေတာလည်း?"
"ငါ toilet သွားမလို့.."
"အော် အင်းသွားလေ"
သူ့ကိုပြောပြီးတာနဲ့ sofaဆီသို့လျှောက်သွားသော Gemကို ဆက်ကြည့်မနေတော့ဘဲ toilet ဆီသို့သာဦးတည်လိုက်တော့တယ်...
သူပြန်ထွက်လာတော့ Gemဟာ ကောင်မလေးဆီသွားဖို့အတွက် ပြင်တောင်ပြင်ဆင်ပြီးနေပြီလေ...
"အော် fourth ငါအပြင်သွားစရာလေးရှိလို့ မင်းတစ်ခုခုဖြစ်ရင်ငါ့ကိုဖုန်းဆက်နော်သိလား ဆေးလဲသောက်ဖို့မမေ့နဲ့ ငါမှာတာတွေမှတ်ထားနော် ငါမြန်မြန်ပြန်လာခဲ့မယ်."
"သွားမှာဖြင့်သွားစမ်းပါ ငါအကောင်းကြီး"
အောင့်နေတဲ့ဘယ်ဘက်ရင်အုံမှနှလုံးသားအားမေ့ထားလိုက်ရင်း ကားသော့ရှာကာသူ့ကိုတစ်တွတ်တွတ်မှာနေသည့်Gemကို ခပ်ပြုံးပြုံးဖြင့်ပင်ပြောလိုက်သည်..
"ငါစိတ်ပူလို့ဟ"
"ရော့ ကားသော့ နောက်ခါစည်းကမ်းတကျထားစမ်း!"
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~