မနက်ခင်းများထဲတွင် ဒီနေ့မနက်ခင်းဟာ fourth ကိုအပျော်ဆုံးဖြစ်စေလိမ့်မည်ထင်ပါသည်...Vegetables ကိုအရမ်းကြိုက်သည့်သူ့အဖို့ Vegetable salad ကသူ့အတွက်အမြဲတမ်းစားသည့်အစားအစာတစ်ခုဖြစ်နေလေသည်....ခုဆိုရင်လည်း Vegetables salad ပန်းကန်လေးကိုင်လျက် sofa ဆီသို့သွားလိုက်သည်.. sofa ပေါ်တွင် ထိုင်ကာ TVကြည့်ရန်ဖွင့်လိုက်ပါတော့သည်...သူဒီနေ့အရမ်းပျော်နေသည်လေ!
Gemini ရေမိုးချိုးပြီး လျှော်ထားသည့်ခေါင်းအားသုတ်လျက် ဧည့်ခန်းဆီသို့ထွက်လာခဲ့သည်...ဧည့်ခန်းထဲရှိ sofaတွင် ထိုင်ကာ အရွက်သုပ်တွေစားရင်း ကာတွန်းကားကြည့်နေသော fourth ဆီသို့အကြည့်ရောက်သွားတော့ အတွေးကဝင်ရောက်လာပြန်သည်လေ...
*ငါ့သူငယ်ချင်းက ကလေးကျနေရောဘဲ ကာတွန်းကားကြည့်နေတာတဲ့လား *
ထိုကောင်လေးဆီသွားမလို့အလုပ်
'Raing...Raing...Raing'
ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ရင်း connect ကိုကြည့်မိသည်။
'Nook'
”ဟယ်လို”
”ကိုကို အခုအားလားဟင်”
”အားတယ်လေ နွတ် ဘာဖြစ်လို့လဲ?”
”ကိုကိုကစိမ်းကားနေလိုက်တာနော် ဟွန့်”
လိုရင်းမပြောဘဲရစ်ပတ်နေသော ကောင်မလေးအားသူစိတ်မရှည်တော့
”မစိမ်းပါဘူး နွတ်ရဲ့ ဘာပြောမို့လည်း”
”ဟိုး ဖြည်းဖြည်းပေါ့ကိုကိုရဲ့ နွတ်ကိုလာတွေ့နိုင်မလား $&*'..$&*' မှာ”
”ဟုတ်ပြီ ကိုယ်လာခဲ့မယ် စောင့်နေနော် နွတ်”
”ဟုတ် ကိုကို အရမ်းချစ်တယ် ”
ပြောကာဖုန်းချသွားသော ကောင်မလေး...
Gemini fourth နားသို့သွားလိုက်သည်..
"Fourth"
"အင်းပြောလေ"
အသံသာလာသော်လည်း မျက်နှာဟာသူ့ဘက်လှည့်မလာပေ
"ငါ ကိစ္စလေးပေါ်လာလို့ သွားလိုက်အုန်းမယ် အဲ့တာ ငါနောက်ကျမယ်ထင်တယ်"
ထိုစကားပြောလိုက်တော့ သူ့ဘက်လှည့်လာသည်...
"အော် အင်းသွားလေ ဘာဖြစ်လို့တုန်း"
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~