မျက်နှာပေါ်သို့ထိုးကျလာသောအလင်းစူးစူးတို့ကြောင့် သူတစ်ဖက်သို့လှည့်လိုက်ရင်းမျက်လုံးများအားပွတ်သပ်လိုက်ကာ အားယူဖွင့်လိုက်တော့...အိပ်ပျော်နေသည့် Gem၏မျက်နှာချောချောဟာသူ့နှင့်နီးကပ်စွာရှိနေလေသည်....မင်းကဘာလို့အဲ့လောက်ချောနေရတာလဲ Gem...
"ငါအရမ်းချောနေလို့လား?"
သူကြည့်နေတုန်း Gemဆီမှအသံထွက်လာတာကြောင့် သူခိုးလူမိသလိုပင်ရှက်ရမ်းရမ်းကာရင်ခွင်ထဲသို့တိုးဝင်မိလိုက်သည်....
"ရှက်နေတာလား ဟမ်? Fourth..."
သူ့ဆံပင်များကိုအသာအယာဆွဲဖွကာဆိုလာသော Gem၏ရင်ဘတ်ကိုသူထုထည့်လိုက်သည်...ရှက်နေပါတယ်ဆို ရှက်နေတာလား လာမေးနေတယ် ဘယ်လိုအရူးလဲ!!
"အဟား..ဟုတ်ပါပြီ ငါမစတော့ပါဘူး မော့ပါအုန်းမျက်နှာလေးမြင်ချင်လို့..."
သူမျက်နှာအား ရင်ခွင်ကျယ်သို့ကပ်ထားရာမှခွာကာမော့လိုက်သည်......
"Fourth မင်းကအရမ်းချစ်စရာကောင်းတယ်"
သူ့ခါးကိုဆွဲဖက်လိုက်ရင်းပြောလာသောထိုလူကြောင့်ခုဆိုရင်သူ့မျက်နှာဟာခရမ်းချဉ်သီးထက်တောင်အခြအနေဆိုးနေပြီဖြစ်သည်..
"တော်တော့ ငါမျက်နှာသွားသစ်တော့မယ် project ကိစ္စချိန်းထားတာနောက်ကျနေပြီ သိလား!"
"ထနိုင်လို့လား?"
မျက်ခုံးတစ်ဖက်ပင့်ကာလူယုတ်မာအပြုံးဖြင့်ပြုံးပြလာသော ထိုလူအားအမြင်ကတ်စွာပင် ခုတင်ပေါ်မှတွန်းချလိုက်တော့တယ်...
"အာ့ Fourth ငါကအကောင်းမေးတာကို"
နာကျင်သွားသောတင်ပါးကိုပွတ်ရင်းသူ့အားဆိုလာသောလူကိုမျက်စောင်းတစ်ချက်မျှထိုးကာ ထဖို့ရန်အားယူလိုက်သည်....သို့သော်
"အား...နာလိုက်တာ ဟင့်!"
"တွေ့လား ငါပြောတာဘဲ"
"အဲ့တာမင်းကြောင့်လေ မင်းမတရားလုပ်တာလေ မင်းမင်း!!"
လက်ညိုးတစ်ထိုးထိုးဖြင့်သူ့အားရန်တွေ့နေလေသောကောင်ဆိုးလေးကိုအသည်းယားစွာပင် ကောက်ချီလိုက်တော့..ရုန်းကန်ရင်း.....
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~