မျက်နှာပေါ်သို့ကျရောက်လာသော အလင်းရောင်မှိန်မှိန်ကြောင့် fourth တစ်ယောက် မျက်လုံးပွင့်လာခဲ့သည်....ရုတ်တရက်ထထိုင်လိုက်တော့ နဖူးပေါ်တွင်တင်ထားသည့်သဘက်ဟာ သူ့ပေါင်ပေါ်သို့ပြုတ်ကျလာခဲ့သည်...
"အမ်! ဒါကဘာလဲ ငါမနေ့က sofaမှာအိပ်ပျော်သွားတာပါ"
ဝေးတေးဝါးတားဖြစ်နေသော မျက်လုံးအား လက်ဖြင့်ပွတ်လိုက်ကာ အနီးအနားကို ဝှေ့ကြည့်မိသည်...
"Gem!"
သူ့ရဲ့အလန့်တကြားအော်သံကြောင့် Gem နိုးလာသည်...သူ့လိုပင်မျက်လုံးကိုပွတ်သပ်ကာ အိပ်ချင်မူးတူးဖြင့် သူ့နဖူးပေါ်သို့ လက်တင်ကာ လာစမ်းသပ်သည့် Gem
"အင်း..မနေ့ကထက်စာရင် ကျသွားပြီဘဲ"
ထို့နောက် ထကာ သူ့လက်ထဲကသဘက်အားဆွဲယူ၍အခန်းပြင်သို့ထွက်သွားသည်... ဘာတွေဖြစ်နေလဲ သူခုထိကိုနားမလည်နိုင်...သူပြန်လှဲချလိုက်ကာနဖူးပေါ်လက်တင်လျက် တစ်ခုချင်းပြန်စဉ်းစားယူနေရပါတော့သည်...
မိနစ်အနည်းငယ်လောက်ကြာတော့ သူ့အခန်းထဲသို့ Gemပြန်ရောက်လာခဲ့သည် ယခုအခါမှာတော့ လက်ထဲတွင်အငွေ့တစ်ထောင်းထောင်းထနေသော ပန်းကန်လေးနှင့်...
"ထအုန်း ဒါလေးသောက်လိုက် Fourth"
Gemပြောသည့်အတိုင်းပင်ထကာ ကမ်းပေးလာသည့် ဆန်ပြုတ်ပန်းကန်လေးအားယူရင်း တစ်ဇွန်းခပ်စားကြည့်လိုက်သည်...အင်းးး အဆင်ပြေသားဘဲ
"ဘယ်လိုလဲ စားရတာအဆင်ပြေရဲ့လား"
မျှော်လင့်ချက်မျက်လုံးလေးတွေနှင့်မေးလာသော Gemဘက်သို့လှည့်ကာ
"နည်းနည်းပေါ့တာကလွဲရင် ကျန်တာအကုန်အဆင်ပြေပါတယ်"
သူဖြေလိုက်တော့ပျော်သွားဟန်တူပါသည် Gem နှုတ်ခမ်းပါးမှ သူသိပ်သဘောကျရတဲ့ အပြုံးလေးတစ်ပွင့်ဟာ ပေါ်ထွက်လာခဲ့သည်လေ...
"ဒါနဲ့ မနေ့ကဘာဖြစ်ခဲ့တာလဲ? မင်းကရောဘယ်ထဲကပြန်ရောက်နေတာလဲ ပြန်မလာဘူးဆို"
မတ်တပ်ရပ်နေရာမှ သူ့ဘေးတွင်ဝင်ထိုင်ကာ
"အာ...အင်း မနေ့က ငါဒီလိုဘဲအိမ်ပြန်လာတာ ညလယ်လောက်ရှိမယ်ထင်တာဘဲ ငါပြန်လာတော့မင်းက sofaမှာအိပ်နေတာလေ စောင်လဲမပါ အဖျားကလဲတက်နေတာနဲ့ အဲ့တာ ငါမင်းကိုဒီကိုပို့ပြီး ကိုယ်ပူကျအောင် လုပ်တတ်သလောက်လုပ်ပေးလိုက်တာပါ ဒါလေးဘဲ"
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~