တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုနဲ့အတူနိုးထလာသည့်မနက်ခင်း....မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်တော့ အမြင်အာရုံဟာမှုံဝါးဝါးဖြင့်သာ...ခပ်ရေးရေးမြင်ရသည့်အနေအထားဖြင့် ဘေးဘက်သို့စောင်းကြည့်လိုက်မိတော့ သူ့လက်ကိုသွယ်ထားသည့်ဆေးပိုက်ပေါင်းများစွာနှင့်....
"Fourth နိုးလာပြီလား ခနလေး ငါဆရာဝန်ခေါ်လိုက်မယ်"
သူ့ကိုပြောရင်းထသွားသောGemကျောပြင်အားကြည့်ရင်း ထိုလူဆုပ်ကိုင်ထားခဲ့ပုံရသည့်သူ၏လက်ကလေးအားကြည့်မိသည်...
*ဒီလောက်နူးညံ့နေတာ..ငါသိတဲ့Gemရောဟုတ်ရဲ့လား*
"Nong fourth ဘယ်လိုနေသေးလည်း အသက်ရှူရတာအခက်အခဲရှိလား သက်သာလား.."
သူခေါင်းငြိမ့်ပြလိုက်သည်...အခုသူစကားပြောချင်ရင်လည်းပြောလို့မှမရဘဲ သူစကားမပြောနိုင်တော့ဘူးလေ...
"လည်ချောင်းကော နာနေသေးလား p' နှလုံးခုန်သံလေးစမ်းသပ်ကြည့်မယ်နော်"
ထပ်မံခေါင်းငြိမ့်ပြလိုက်ရင်း P'Mix ဘေးတွင်ရပ်နေသော သူသိပ်ချစ်ရသည့်Gemအားလှမ်းကြည့်မိသည်...သူ့ကိုစိုက်ကြည့်နေသည့်မျက်လုံးများဟာအရင်ကနှင့်မတူ နူးညံ့ကြင်နာစွာဖြင့်ကြည့်သည့်အကြည့်လေးကိုသူခံစားမိသည်...ထိုလူတော်တော်ဝမ်းနည်းနေမှန်း လက်နှစ်ဖက်ယှက်ကာကျစ်နေအောင်ဆုပ်ထားသည့်လက်လေးဟာသက်သေပင်....မျက်ဝန်းထဲတွင်လည်း မျက်ရည်စလေးတွေဟာကျလုစဲစဲ.....
*သူဘယ်လောက်တောင်ဝမ်းနည်းနေလိမ့်မလဲ~*
"ကဲ အားလုံးကတော့ပုံမှန်ဘဲ ခနကြာရင် Nong ကို ရိုးရိုးခန်းထဲရွေ့ပေးမယ်နော် တစ်ခုခုဖြစ်တာရှိရင် Gemကိုပြောပြလိုက်နော် သူကအခု Nongရဲ့လူနာစောင့်လုပ်ပေးမှာ"
အထွေထွေကုဆရာဝန်တစ်ဖြစ်အကိုလိုခင်ရသော P'Mix အားပြုံးပြလိုက်ရင်းခေါင်းငြိမ့်ပြလိုက်သည်... P'Mix ဟာလည်းသူ့ကိုပြန်လည်ပြုံးပြကာ ညီဖြစ်သူGem၏ပုခုံးအားပုတ်လျက်ထွက်သွားခဲ့သည်...အကိုထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ဘေးနားသို့ဝင်ထိုင်ကာ သူ့လက်လေးအားဆုပ်ကိုင်လျက်...
YOU ARE READING
𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎
Fanfictionငါမင်းဘေးမှာအမြဲတမ်းရှိနေခဲ့ပေးတယ်...မင်းဟာကျန်တဲ့သူတွေအားလုံးကိုမြင်ခဲ့တာမှန်ပေမဲ့ငါ့ကိုတော့မင်းနည်းနည်းလေးတောင်သတိမထားခဲ့ဘူး...GEMINI ~ ငါလိုလူက မင်းလိုအရမ်းရိုးသားတဲ့အဖြူထည်လေးကိုပိုင်ဆိုင်ရဖို့မဖြစ်နိုင်ပါဘူး Fourth ~