20🍂

1.8K 104 27
                                    

အခန်းထဲရှိကိုယ်လုံး‌ပေါ်မှန်ရှေ့တွင် ရပ်နေသောကောင်ငယ်လေးဟာဝတ်ထားသည့်ဝတ်စုံအဖြူရောင်လေးနှင့်လိုက်ဖက်စွာ~

လည်ပင်းနားရှိအနက်ရောင်ဖဲပြားလေးအား သေချာစွာတည့်မတ်လိုက်ရင်း အနားရှိ sofa တွင်ထိုင်လိုက်သည်..

သူတို့အခက်အခဲတွေအများကြီးဖြတ်ကျော်ခဲ့ရပြီးမှဒီအထိရောက်လာခဲ့တာဖြစ်သည်...Gemအ‌ေဖဟာဖခင်တစ်ယောက်အနေနဲ့တစ်ဦးတည်းသောသားဖြစ်သူအားမျိုးရိုးဂုဏ်တန်းတူရှိတဲ့လူနဲ့သာလက်ထပ်စေချင်သည်ဆိုသော်လည်း သားဖြစ်သူ၏ယတိပြတ်ပြောတဲ့စကားတွေကြောင့် သူလက်ခံလိုက်ရခြင်းသာ....သူ့ကိုအမြင်မကြည်ဘူးဆိုသော်ငြားလည်း အရင်ကတည်းကခင်မင်ရင်းနှီးခဲ့ရသည့်သံယောဇဉ်ထောက်နေတာကြောင့် ပြုံးပြ မေးထူးခေါ်ပြောတော့လုပ်သည်လေ..... Gemအမေဟာတော့သားဖြစ်သူစိတ်တိုင်းကျဟုဆိုကာသူ့ကိုပင်အရင်ကထက်ပိုချစ်ပေးလာပါသည်...သို့သော်သူဂရုမစိုက်ပါ သူ့ကိုဘယ်သူတွေဘယ်လိုပြောပြော Gemသာချစ်‌ပေးနေရင်ဘာမှကိုမလိုအပ်တော့‌ပေ..သူငယ်ချင်းလေးယောက်ဟာလည်း အရမ်းပွေရှုပ်လွန်းတဲ့လူလက်ထဲမထည့်နိုင်ပါဘူးဟုဆိုကာအတင်းပင်ကန့်ကွက်နေကြတာကြောင့် Gemခမျာ သူတို့ရှေ့တွင်တစ်ပါတ်လောက် သူ့ကိုပိုးချည်လုံးလေးပိုက်ထားသလိုအသားကုန်ဂရုစိုက်ပြခဲ့ရပါသေးသည်...Gemအဲ့တုန်းကတော်တော်ပင်ပန်းခဲ့တာဘဲ~

"အဆင်သင့်‌ဖြစ်နေရဲ့လား မေ့သားငယ်"

မေမေဟာလှပစွာဝတ်ဆင်ထားပြီး အခန်းထဲသို့ဝင်လာရင်းသူ့အားမေးလာလေသည်..

"ဟုတ်..."

"ကြည့်ပါအုန်း မေ့သားငယ်လေးတောင်မင်္ဂလာဆောင်ရတော့မယ် မေ့မျက်လုံးထဲကလေးလေးအတိုင်းဘဲကွယ်~"

မျက်ဝန်းထဲတွင်မျက်ရည်များလဲ့ကာပြောလာသည့်မေမေ့၏ပါးပြင်လေးအားသူကိုင်လိုက်သည်...သူအငိုသန်တယ်ဆိုတာကမေမေ့ဆီကရထားတဲ့အမွေလေ~

"‌မေမေကလည်း သားအရွယ်ရောက်နေပါပြီ"

ထိုစဉ်ဖေဖေဝင်ရောက်လာတာကြောင့် နှစ်ယောက်သားအကြည့်များဟာ အခန်းဝဆီသို့်...

𝑶𝑵𝑬 𝑺𝑰𝑫𝑬𝑫 𝑳𝑶𝑽𝑬⚠︎Where stories live. Discover now