Say yes to heaven

3.4K 134 3
                                    

Song recommendation for this part :
" Say yes to heaven "

~


လူတစ်ယောက်ကို တစ်ယောက်ကချစ်မြတ်နိုးတယ်
ဆိုတာ ပြောရတာသာလွယ်ကူပေမဲ့တကယ်တမ်းကျ ထင်ထားတာထက်အများကြီးပိုခက်ခဲပါသည် ။

မထင်မှတ်ပဲ ပိုက်ဆံအိတ်လေးပြုတ်ကျတာကို
ပြန်ပေးရင်း တွေ့မိရာက အချစ်ဆိုတာ
ဖြစ်ပေါ်လာနိုင်သလို တီဗွီဖန်သားပြင်လေး
တစ်ခုကို တစ်ခဏလေးစိုက်ကြည့်မိပြီး
မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်လေးကိုချစ်မိသွားတာ
မျိုးကလဲ သဘာဝကျလှပါသည် ။

ဆောင်းဟန်ဘင်းဘဝမှာ ဘယ်အရာကိုမှ
လိုချင်တပ်မက်စိတ်မရှိဘဲ ဘဝကိုရိုးရိုးရှင်းရှင်း
ဖြတ်သန်းနေခဲ့ရာမှ ကျန်းဟာအိုဆိုတဲ့
အဆိုတော်တစ်ယောက်က်ို မြင်မြင်ချင်းမှာတင်
အရူးအမူးစွဲလန်းသွားမိပြီး ချစ်ခဲ့မိသည် ။

ယောကျာ်းလေးအချင်းချင်းချစ်မိသည်မှာလဲ
အချစ်ဟုသာ ခံယူထားပါသော သူ့အတွက်
ကျန်းဟာအိုကိုချစ်နေမိပြီဆိုတဲ့ အမှန်တရားကို
လက်ခံမိချိန်မှာ အများကြီးထိတ်လန့်မသွားပေမဲ့
သူ့မိသားစုကို ဝန်ခံချိန်မှာတော့အတော်လေးကို
ဂရက်ရိုက်သွားခဲ့ပြီး တစ်မိသားစုလုံးရဲ့ဖယ်ကျဉ်ခြင်း
ကိုခံခဲ့ရပါသည် ။

ဆောင်းဟန်ဘင်းက ဒါတွေကိုဂရုစိုက်လိမ့်မယ်လို့
ထင်နေရင်တော့ အသေအချာကိုမှားသွားပါလိမ့်မည် ။

ကျန်းဟာအိုဆိုတာ သူ့ရဲ့အရာအားလုံးဖြစ်တဲ့
အတွက် ဆောင်းဟန်ဘင်းရဲ့ကမ္ဘာလေးဟာတော့
ကျန်းဟာအို တစ်ယောက်တည်းနဲ့တင်
ပြည့်စုံနေပါသတဲ့ ။

သို့သော် ကျန်းဟာအိုဆိုတာအရမ်းကို
သူနဲ့အလှမ်းဝေးကွာသည်မလို့ သူတို့နီးစပ်စေရန်
သူ့ဘက်ကခြေလှမ်းတွေ လှမ်းမှသာလျှင်
နီးစပ်ဖို့အခွင့်အရေးတွေရှိနေပါလိမ့်မည် ။

ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့အတူ ဆယ့်ရှစ်နှစ်
အရွယ် ဆောင်းဟန်ဘင်းဟာ အိမ်ကနေထွက်လာခဲ့ပြီး
သူ့ရဲ့အိမ်မက်ဖြစ်တဲ့ ကျန်းဟာအိုဆီသို့လာခဲ့သည် ။

ကံကောင်းသည်လို့ပြောရမလားမသိပါ သူဟာ
အသက်နှစ်ဆယ်အရွယ်မှာ ကျန်းဟာအိုနဲ့
ကုမ္ပဏီတူတူမှ တစ်ကိုယ်တော်ပွဲဦးထွက်
နိုင်ခဲ့သည် ။

All in YouWhere stories live. Discover now