Crazier

896 114 5
                                    

Song recommendation for this part :
" Crazier "

~

မိုးရာသီဖြစ်တာမလို့ တစ်ခုသောစနေနေ့မှာ
မိုးကသည်းထန်စွာရွာသွန်းနေခဲ့သည် ။

ဆောင်းဟန်ဘင်းက မနေ့တည်းကကုမ္ပဏီက
မပြန်ရသေးတာဖြစ်ပြီး ဒီနေ့မှာလဲကျန်းဟာအိုနဲ့
အတူလေ့ကျင့်ဖို့က ရှိနေသည် ။

တစ်ညလုံးသူ့ရဲ့ ပထမဆုံးလူအများကြီးရှေ့မှာ
ဖျော်ဖြေမဲ့ performance အတွက်လေ့ကျင့်ထား
ခဲ့ရတာမလို့ ခဏလေးတော့အနားယူချင်မိသည် ။

ဒါပေမဲ့ သူအခုသာအိပ်လိုက်မယ်ဆိုရင်နိုးလာလို့
ကျန်းဟာအိုနဲ့ လေ့ကျင့်ရင် အသံအခက်အခဲ
ရှိနိုင်သည်မလို့ အတတ်နိုင်ဆုံးသည်းခံဖို့သာ
ဆုံးဖြတ်လိုက်သည် ။

လေ့ကျင့်ခန်းရဲ့ ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး
လိုက်ကာများရေမစိုစေရန် ခေါက်တင်လိုက်သည် ။

မိုးရေစက်အချို့ကသူ့မျက်နှာကိုလာစင်တဲ့
အထိအတွေ့ကိုသူသိပ်သဘောကျပါသည် ။
အေးစက်တယ်ထင်ရပေမဲ့ ဒါကလဲသူ့ရဲ့
ခက်ခဲတဲ့အချိန်တွေအတွင်း အေးချမ်းအောင်
လုပ်ပေးခဲ့တဲ့ အခြေအနေတစ်ခုလဲဖြစ်သည် ။

သူ့နေရာကနေလှမ်းကြည့်လိုက်ရင် ထင်းခနဲ
မြင်နေရတဲ့ မိုးမျှော်တိုက်တစ်ခုရဲ့တစ်နေရာမှာ
Tiffany & Co ကကြော်ညာဆိုင်းဘုတ်တစ်ခု
ရှိနေပြီး အဓိကဇာတ်ကောင်ကတော့
သေချာပေါက် သူ့ရဲ့ကမ္ဘာလေး ကျန်းဟာအိုပါပင် ။

လက်ထဲတွင်ဝတ်ထားသော ပလက်တီနမ်
ကြိုးမျှင်မျှင်လေးကိုအသားပေးရိုက်ထားတဲ့
ပုံဆိုပေမဲ့ သူ့မျက်လုံးထဲမှာတော့ မျက်နှာလေးကို
တစ်ခြမ်းကာထားတဲ့ လက်ဘေးက ခပ်ချွန်ချွန်
မျက်လုံးတစ်စုံကိုသာ မြင်နေရပါသည် ။

BRAND တွေသာတစ်ခုပြီးတစ်ခုပြောင်းလဲသွားပေမဲ့
ကျန်းဟာအိုရဲ့ပုံတွေနဲ့ လူကတော့ဘယ်တော့မှ
မပြောင်းလဲ ရာသီတိုင်းအဲ့နေရာမှာရှိနေဆဲဖြစ်သည် ။

နွေရာသီဆိုလျှင်လည်း နွေရာသီအလျောက်
ဆောင်းရာသီဆိုလည်း ဆောင်းရာသီအလျောက်
တစ်ခုမဟုတ်တစ်ခု မရိုးရသောကြော်ညာတွေနဲ့အတူ
ရှိနေတတ်သည် ။

All in YouWhere stories live. Discover now