Dangerously

887 116 3
                                    

Song recommendation for this part :
" Dangerously "





~

သာမာန်လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်မှာ
အများဆုံးမှတ်မိနေတတ်တဲ့မှတ်ဥာဏ်တွေက
ဘယ်လိုမျိုးအမှတ်တရတွေဖြစ်တတ်သလဲ ။

ငယ်ငယ်တုန်းကဘေးအိမ်ကပထမဦးဆုံးသူငယ်ချင်းနဲ့
ရှိခဲ့ဖူးတဲ့အချိန်လားဒါမှမဟုတ်ရင် အထက်တန်းတုန်းက
တစ်ယောက်ယောက်ကိုကြိတ်ပြီးသဘောကျနေခဲ့တဲ့
အချိန်တွေများလား ။

ဒါမှမဟုတ်လဲ မိသားစုနဲ့ပျော်ဖို့ကောင်းခဲ့တဲ့
ခရီးတစ်ခု သို့မဟုတ်လဲ အဆင့်တွေကျလို့အိမ်မှာ
အပြစ်ပေးခံခဲ့ရတဲ့အချိန် စသဖြင့်တော့လူအချို့က
သူတို့နောက်ဆုံးချိန်တွေမှာ ပြန်မြင်ယောင်မိပါလိမ့်မယ် ။

ကျန်းဟာအိုလိုလူမျိုးကတော့ သေချာပေါက်ထိုကဲ့သို့
သာမာန်လူတွေနှင့်အလွန်ခြားနားနေပါသည် ။

သူ့အနေနဲ့နောက်ဆုံးအချိန်လေးမှာ အချိန်ငါးမိနစ်ရလို့
မှတ်ဥာဏ်တစ်ခုကိုကောင်းကောင်းမွန်မွန်ပြန်မြင်ခွင့်
ရမယ်ဆို သေချာပေါက် စင်ပေါ်မှာရှိနေခဲ့တဲ့အချိန်တွေ
ကိုပဲမြင်ခွင့်ရဖို့ဆုတောင်းမိလိမ့်မည် ။

ကျန်းဟာအိုမှာ ဘေးအိမ်ကပထမဆုံးသူငယ်ချင်းလဲ
မရှိခဲ့သလို အထက်တန်းတုန်းကကြိတ်သဘောကျတဲ့
သူလဲမရှိခဲ့ပေ ။

မိသားစုနဲ့အပျော်ခရီးထွက်ဖို့မပြောနှင့် အထက်တန်း
နောက်ဆုံးနှစ်ပြီးပြီးချင်းမှာတင် ကိုရီးယားသို့
လာရန်ဆုံးဖြတ်ခဲ့သည့်သူ့အတွက် မိသားစုနှင့်
အမှတ်တရမှာရှားပါးနေခဲ့သည် ။

ငယ်စဉ်ကတည်းကဂီတကိုရူးသွပ်ခဲ့ရတဲ့သူ့အတွက်
တရုတ်ကနေ ကိုရီးယားကိုတစ်ယောက်တည်းလာပြီး
ရုန်းကန်ခဲ့ရတဲ့အချိန်တွေကသိပ်ကိုခက်ခဲခဲ့ပါသည် ။

လူအများကြီးရှေ့မှာပျော်ပျော်ရွှင်ရွှင်ဖျော်ဖြေမှု
လုပ်ခွင့်ရပြီး သူ့ကိုအလူများကြီးကချစ်ပေးလာရင်
သူ့ဘဝအတွက်ဘာမှမလိုတော့ဖူးဟု ကြွေးကြော်နိုင်
သည်အထိသူ့ရဲ့ဆုံးဖြတ်ချက်ဟာပြတ်သားခဲ့သည် ။

ပွဲဦးထွက်ပြီးတဲ့အချိန်ကစလို့ ကိုရီးယားတစ်နိုင်ငံလုံးမှာ
သူ့ရဲ့ပုံတွေကို လမ်းဘေးမှာရော ရထားဘူတာမှာပါ
မကျန်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းလို့ လိုက်ကြည့်
ခဲ့ရတဲ့အချိန် တွေကို သူသိပ်နှစ်သက်ပါသည် ။

All in YouWhere stories live. Discover now