Song recommendation for this part :
" Midnight Rain "~
" ဟန်ဘင်း မင်းဒီနေ့ညစာစားပွဲတစ်ခုတက်ရမယ်နော် "
စားပွဲပေါ်ကပုံထပ်နေတဲ့စာရွက်တွေကြားထဲက
ဆူယျော့က သူ့ဘေးနားမှာမျက်လုံးလေးအသာမှိတ်လို့
မှေးနေတဲ့ ဆောင်းဟန်ဘင်းကိုလှမ်းပြောလိုက်လျှင်
ဆောင်းဟန်ဘင်း မျက်လုံးလေး နှစ်ဖက်ကပွင့်လာ
ပါသည် ။" ဟျောင်း..... "
ဆောင်းဟန်ဘင်းရဲ့နွမ်းလျတဲ့ခေါ်သံကြောင့်
ဆူယျော့ကလုပ်လက်စတွေကို ရပ်ပြီးလှည့်ကြည့်
မိလိုက်သည် ။ဆောင်းဟန်ဘင်းကတော့ သူ့ကိုမကြည့်မျက်နှာကျက်
ကိုသာမော့ကြည့်လို့နေသည် ။" ဘာပြောစရာရှိလို့လဲ ဟန်ဘင်း.... "
" ကျွန်တော်လူတစ်ယောက်ကိုပိုင်ဆိုင်ချင်ရင်
ဘယ်လိုလုပ်ရင် ရနိုင်မလဲ "ဆောင်းဟန်ဘင်းရဲ့ ရုတ်တရက်ဆန်ဆန်
အမေးစကားကြောင့် ဆူယျော့မှာလက်ထဲက
ဘောပင်ကလွတ်ကျသွားသည် ။" ဘာဖြစ်နေတာလဲ ဟန်ဘင်း မဟုတ်မှ
သဘောကျရတဲ့လူတွေ့သွားတာလား "" နဂိုတည်းကရှိနေခဲ့တာပါ..... "
ဆောင်းဟန်ဘင်းကဆူယျော့ကိုလှည့်ကြည့်လာပြီး
ခပ်ဆွေးဆွေးဖြစ်နေတဲ့ မျက်ဝန်းတွေမှာ
ဆူယျော့ထင်တာ မမှားပါလျှင်အရည်ကြည်တွေက
မျက်ရည်စ တွေပင်ဖြစ်ပါလိမ့်မည် ။ဆောင်းဟန်ဘင်း ပါရီကပြန်ရောက်လာတည်းက
အရင်လိုလန်းလန်းဆန်းဆန်းမရှိတာကို ဆူယျော့က
သတိထားမိပေမဲ့ အခုလို အသည်းကွဲနေတာလို့တော့
တကယ်မထင်ခဲ့ပေ ။ဖြစ်မှဖြစ်ရလေ ဟန်ဘင်းရယ်.... ။
" မင်းစိတ်ပြေလက်ပျောက်ဖြစ်သွားအောင်
အေးဆေးနားလိုက်ပါလား မနက်ဖြန်တစ်ရက်လောက်
ငါအချိန်ဇယားတွေအကုန်ဖြတ်ပေးမယ် "" ဟင့်အင်း မဖြတ်နဲ့ဟျောင်း.....
ကျွန်တော်အလုပ်လုပ်ရမယ် ကျွန်တော်အလုပ်
မလုပ်ရင် သူကကြိုက်မှာမဟုတ်ဖူး "
YOU ARE READING
All in You
FanfictionI like him but we're not meant to be..... Start Date : 3.7.2023 End Date : 10.8.2023