Bad Things

842 108 1
                                    

Song recommendation for this part :
" Bad Things "


~

တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့
ဆောင်းဟန်ဘင်းဟာ အိုင်ဒေါလ်တစ်ယောက်ဖြစ်
နေပေမဲ့လဲ ကျောင်းပြီးအောင်ထိတော့ ဆက်တက်
ရဦးမည်ဖြစ်ပါသည် ။

ဒီနှစ်ကသူ့ရဲ့တက္ကသိုလ် တတိယနှစ်ဖြစ်ပြီး
ဒုတိယနှစ်တွင်သူက သင်တန်းသားအဖြစ်သာ
ရှိပါသေးသည် ။

အရင်နှစ်တွေတုန်းက သူ့ရဲ့ရုပ်ရည်ကြောင့်
နာမည်ကြီးခဲ့ပေမဲ့ ဒီနှစ်မှာတော့ အိုင်ဒေါလ်
တစ်ယောက်လဲဖြစ်နေပြီမလို့ တက္ကသိုလ်ဝန်းထဲ
ခြေချလိုက်သည်နှင့်ပင် လူအများရဲ့အာရုံက
သူ့ဆီရောက်လာသည် ။

" ဟန်ဘင်း !! ငါဒီမှာ "

ကန်တင်းအဝင်ထိ လမ်းမှာတွေ့သမျှလူတိုင်းကို
ခါးကိုင်းပြီးလိုက်နှုတ်ဆက်နေရတဲ့ ဆောင်းဟန်ဘင်းဟာ
ဂယူဗင်းအသံလာရာဆီသို့ တန်းကာပြေးသွားလိုက်သည်

" ခါးအထူးကုဆီငါဆက်သွယ်ထားပေးရမလား "

ဂယူဗင်းရဲ့ ရွှတ်နောက်နောက်စကားကို ဆောင်းဟန်ဘင်း
ကတစ်ချက်ရွဲ့ပြုံးလေးပြုံးပြလိုက်သည် ။

" ဘယ်လိုလဲ အခြေအနေ ? "

" ဘာဖြစ်ရမှာလဲ "

" ဟာအိုဟျောင်းက ငြင်းလိုက်တယ်ဆို "

ကင်မ်ဂယူဗင်းက သူ့ရဲ့အခြေအနေတွေအားလုံးနဲ့
သူ့အကြောင်းအလုံးစုံကိုသိတဲ့ တစ်ဦးတည်းသောသူ
ဖြစ်ပါသည် ။ ဒါကြောင့်လဲဒီနှစ်တွေအတွင်းမှာ
ဆောင်းဟန်ဘင်းက ခက်ခဲပေမဲ့အနည်းငယ်
အားတင်းထားနိုင်ခဲ့ခြင်းဖြစ်သည် ။

" ဒီအကြောင်းတွေဒီမှာမပြောချင်ဖူးကွာ "

" စိတ်ပြေလက်ပျောက် တစ်ခုခုလုပ်ကြမလား "

ကင်မ်ဂယူဗင်းရဲ့အပြောကြောင့် ဆောင်းဟန်ဘင်းက
အလန့်တကြားနှင့်ကြည့်မိသည် ။

ကင်မ်ဂယူဗင်းဆိုလိုသည်က ဘာမှန်းဆောင်းဟန်ဘင်းက
အတပ်သိလေသည် ။

ဆောင်းဟန်ဘင်းက ကျန်းဟာအိုကိုချစ်မိသွားတည်းက
အရူးအမူးဖြစ်သွားခဲ့ရပြီး တစ်ချို့အချိန်တွေမှာ
ကျန်းဟာအိုကိုမေ့နိုင်အောင် နည်းမျိုးစုံသုံးကာ
ကြိုးစားခဲ့ဖူးပါသည် ။

All in YouWhere stories live. Discover now