18

1.1K 132 5
                                    

Song recommendation for this part :
" 18 "






~

" မကြိုက်သေးဖူးဒီတစ်ယောက်လဲ "

ကျန်းဟာအိုက သူ့လက်ထဲကစာရွက်ကိုအောက်သို့
ပို့လိုက်ရင်း နောက်တစ်ရွက်ကိုလှန်လှော်လေသည် ။

" မကြိုက်သေးဖူး "

" ဘာလို့အကုန်မကြိုက်နေတာလဲဟျောင်းရာ
ကျွန်တော်စိတ်ညစ်လာပြီ "

Audition လာတဲ့လူတွေအကုန်လုံးကိုတစ်ယောက်ပြီး
တစ်ယောက် အရည်အချင်းမပြည့်မှီဖူးဆိုပြီး
ချေးများနေတာ အယောက်နှစ်ဆယ်ပင်ပြည့်တော့မည် ။
ဒါတောင် ကျန်းဟာအိုအကြိုက်နှင့်ညီတဲ့သူတစ်ယောက်
တောင်မတွေ့သေး ။

" နဂိုရှိပြီးသား trainee တွေနဲ့အပြိုင်လိုက်နိုင်တဲ့သူ
ဖြစ်ရမှာလေ အခြေခံလောက်ပဲသိထားတဲ့သူဆိုရင်
ဘယ်လိုလုပ်အဆင်ပြေမှာလဲ "

" အရည်အချင်းကရှိကြပါတယ် ဟျောင်းရယ်
ဟျောင်းပဲချေးများနေတာ "

" အင်အင် မင်းမသိဖူး မင်းမသိဖူး တိုးတိုးနေ "

ကျန်းဟာအိုက ခေါင်းခါပြရင်း ဟန်ဝေ့ချန်အား
ပြောလိုက်သည် ။

ဟန်ဝေ့ချန် တားမရသည့်အဆုံးသူလဲဘာမှမတက်
နိုင်တော့စွာ ကျန်းဟာအိုရဲ့ စာရွက်တွေကိုလိုက်သိမ်း
ပေးရတော့သည် ။

ကျန်းဟာအိုမှာ အခုဆိုတရုတ်မှာအလုပ်ကိုသေချာ
အာရုံစိုက်ကာလုပ်နေပြီး တရုတ်နိုင်ငံရဲ့ပြိုင်ပွဲကြီး
အချို့မှာပါ ဒိုင်အဖြစ်ပါဝင်သေးသည် ။

နဂိုတည်းက ကျန်းဟာအိုစံနှုန်းကတအားမြင့်တဲ့သူ
မလို့ ဘယ်နေရာပဲရောက်ရောက်လူထုအာရုံကို
ဖမ်းစားဖို့အတွက် သိပ်ခက်ခဲတဲ့အရာတော့မဟုတ်ပါပေ ။

ပြိုင်ပွဲဝင်တွေကို သေချာလေးလေ့ကျင့်ပေးပြီး
သတ်မှတ်ချက်ပေးတဲ့ပုံစံတွေက တအားကိုလေးနက်
တာမလို့ ကျန်းဟာအိုပါဝင်တဲ့ ပြိုင်ပွဲတွေက
တစ်ကမ္ဘာလုံးမှာရေပန်းစားလျက်ရှိကာ ကြည့်ရှူနှုန်း
ကလဲ တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့အမြင့်ဆုံး
ဖြစ်ပါသည် ။

Trainee တွေကိုတစ်ချက်မှအလွတ်မပေးဘဲ
အမှားသေးသေးလေးကိုတောင် အလွယ်တကူရှာဖွေ
နိုင်ပြီး လိုအပ်ချက်ကိုအမြန်ဆုံးဖြည့်ပေးနိုင်တဲ့
ကျန်းဟာအိုက အခုဆို တရုတ်တစ်နိုင်ငံလုံးရဲ့
social ကို အမျိုးမျိုးသော topic တွေနဲ့စိုးမိုး
ထားပါသည် ။

All in YouWhere stories live. Discover now