Baby

1K 133 5
                                    

Song recommendation for this part :
" Baby "





~

" အဲ့တော့ကျွန်တော့်ကိုသရဲထင်ပြီးလန့်သွားတယ်ပေါ့ "

" မင်းကအသံမပေးဘဲ ဝင်လာတော့ ရုတ်တရက်
ငါလဲအဲ့ဒါပဲထင်မိတာပေါ့ "

ကျန်းဟာအိုကသူ့ရဲ့နှုတ်ခမ်းတွေကို အတတ်နိုင်ဆုံး
မဲ့ထားပြီး သူစိတ်ဆိုးကြောင်းပြရမည် ။
ဒါမှသာလျှင် သူသရဲကြောက်တတ်တာကို
ဆောင်းဟန်ဘင်းက စမလာမှာဖြစ်သည် ။

ဆိုဖာပေါ်မှာ ကျန်းဟာအိုက ခြေထောက်နှစ်ဖက်
တင်ထားပြီး စောင်ပါးပါးလေးတစ်ထည်ကိုအပေါ်မှ
ခြုံထားကာ ခပ်ကျုံ့ကျုံ့လေးထိုင်နေသည်ကို
ဆောင်းဟန်ဘင်းမှာအသည်းတယားယား ။

ထောင်နေသည့်ဒူးလေးနှစ်ဖက်ကို သူ့ဆီသို့
ဆွဲယူလိုက်ပြီး သူတို့နှစ်ယောက်ရဲ့အကွာအဝေးတွေကို
အနည်းငယ်လျော့စေလိုက်သည် ။

" ဪ မသိပါဖူးအကယ်၍ကျွန်တော်သာမဟုတ်ဘဲ
ဟန်ယူ..အဟင်း ဟန်ဝေ့ချန်ပြောသလို ချိန်းကြိုးနဲ့
သရဲသာဆို ကျန်းဟာအိုလေး ဘာတွေဖြစ်နေမှာလဲ "

" ကိစ္စတော့သိပ်မရှိပါဖူး ငါကတစ်မိုးအောက်
တစ်ယောက် ကျန်းဟာအိုလေ ဘယ်အရာမဆို
ငါမလုပ်နိုင်တာမရှိဘူး "

" ဪ ဪ "

ဆောင်းဟန်ဘင်းက မျက်လုံးလေးပြူးပြပြီး
အံ့ဩသွားသည့်ဟန်လေးနှင့် ပါးစပ်လေးဟလို့
ပြန်ပြောလိုက်သည် ။

ဆောင်းဟန်ဘင်းသဘောကျခဲ့ရသည့် ကျန်းဟာအို
ပုံစံက ဒီလိုမျိုးလေးဖြစ်သည် ။ အမြဲတမ်း
ယုံကြည်မှုတွေပြည့်ဝနေတတ်သည့် မျက်နှာမျိုးနှင့်
ဘာကိုမှကြောက်ရွံ့မှုမရှိသည့် တရုတ်ကနေကိုရီးယားကို
တစ်ယောက်တည်းလာပြီး အိမ်မက်တွေပြည့်ဝအောင်
လုပ်ခဲ့တဲ့ ကမ္ဘာပေါ်မှာအတော်ဆုံးလူသားလေး
ကျန်းဟာအိုသာဖြစ်ပါသည် ။

" ဒါနဲ့မင်းကဘယ်လိုလုပ်ပြီးတရုတ်ကိုရောက်လာ
တာလဲ "

ဆောင်းဟန်ဘင်းရောက်လာတည်းက ကုမ္ပဏီက
သရဲအကြောင်းရှင်းပြနေတာနဲ့ အချိန်အတော်ကုန်
သွားတာမလို့ ဆောင်းဟန်ဘင်းဘာကြောင့် တရုတ်
ရောက်နေရလဲ ဆိုတာကိုအခုမှမေးမိသည် ။

All in YouWhere stories live. Discover now