Song recommendation for this part :
" Off my face "~
ပါရီမြို့ရဲ့အလှတရားကြီးမှာ ညအချိန်တွင်
ရောင်စုံမီးရောင်များနှင့်အသက်ဝင်နေပြီး
အီဖယ်တာဝါတိုင်ကြီးမှာလဲမူမပျက်ပင်
မြို့၏ပြယုဂ်တစ်ခုအဖြစ် ထည်ထည်ဝါဝါကြီး
ရှိနေပါသည် ။အနုပညာအသိုင်းအဝိုင်းရဲ့နာမည်အကျော်အစောတွေ
ဖြင့်သာ ပြည့်နှက်နေပါသည့်After Party တစ်ခုတွင် ကျန်းဟာအိုနှင့်ဆောင်းဟန်ဘင်းမှာတစ်ယောက်နှင့်
တစ်ယောက် ဘေးချင်းကပ် ထိုင်နေကြရသည် ။သူတို့နှစ်ယောက်မှာ ဘယ်တုန်းကများအခုလို
ဟန်ဆောင်ပြုံးပြပြီး အများရှေ့ကောင်းမွန်တဲ့
ဆက်ဆံရေးရှိတဲ့ စီနီယာနဲ့ဂျူနီယာအဖြစ်
သရုပ်ဆောင်ရမဲ့အနေအထားရောက်သွားလဲ
သူတို့ကိုယ်တိုင်လဲမသိပါပေ ။ဒါပေမဲ့လက်ရှိမှာတော့ ကင်မရာတွေအများကြီးရှေ့က ကျန်းဟာအိုရော ဆောင်းဟန်ဘင်းကပါ တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေပြီး အင်မတန်ကိုနှစ်လိုဖွယ်
ကောင်းပြီး ရာစုနှစ်တစ်ခုရဲ့အအောင်မြင်ဆုံး
အနုပညာရှင်နှစ်ယောက်တူတူတက်တဲ့ပွဲမလို့
သမိုင်းတွင်ကျန်စေမဲ့ ဓာတ်ပုံတွေကို တဖျက်ဖျက်နှင့်
ရိုက်ယူနေကြသည် ။" ဟာအိုရှီး ခုလိုပွဲကိုတက်လာပေးတာကျေးဇူး
တင်ပါတယ်ဗျာ "Brand ပိုင်ရှင်ကလာရောက်တွေ့ဆုံစကားပြောသော
အခါ ကျန်းဟာအိုမှာ လူမှုရေးအရပြန်လည်နှုတ်ဆက်
ရန်ထိုင်ရာကနေ ထလိုက်ရသည် ။" ကျွန်တော့်ကိုတကူးတကဖိတ်မှတော့ သေချာပေါက်
လာပေးရတာပေါ့ဗျာ "" ဒါနဲ့ ဒါကဟာအိုတို့ ကုမ္ပဏီကမျက်နှာသစ်လေးမလား
ကြားထားတဲ့သတင်းတွေထက် ပိုချောတာပဲနော် "ပြောသော စကားဝိုင်းထဲတွင် မိမိနာမည်ပါလာသော်အခါ
ဆောင်းဟန်ဘင်းက ဝတ္တရားအရစကားပြန်ပြော
ရဖို့ဖြစ်လာသည် ။" ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် "
ဆောင်းဟန်ဘင်းရဲ့စကားကြောင့် ကျန်းဟာအိုမှာ
ကိုယ့်နှာဖူးကိုယ်သာရိုက်ပစ်လိုက်ချင်သည် ။
YOU ARE READING
All in You
FanfictionI like him but we're not meant to be..... Start Date : 3.7.2023 End Date : 10.8.2023