Sanctuary

843 116 2
                                    

Song recommendation for this part :
" Sanctuary "

~

" ဗျာ !!!! တကယ်ကြီး ဖျက်လိုက်တာလား ? "

ဆူယျော့ရဲ့အသံကြောင့် သီချင်းစာသားတွေ
ပြန်ကြည့်နေတဲ့ ဆောင်းဟန်ဘင်းကမော့ကြည့်
လိုက်သည် ။

" အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ ။ ခဗျားတို့က
နာမည်ရပြီးသားသူတွေဆိုတော့ ဘယ်နစ်နာမလဲ ။
ကျွန်တော်တို့ဟန်ဘင်းကိုကျ မကြည့်ပေးတော့ဘူးလား "

ဆူယျော့ရဲ့စကားအသွားအလာကြောင့် တစ်ခုခု
မကောင်းတာဖြစ်နေမှန်းတော့ ဆောင်းဟန်ဘင်း
ရိပ်မိလိုက်သည် ။

" ဒါကုမ္ပဏီကတိုက်ရိုက်လာတဲ့အမိန့်မလို့
ကျွန်တော်တို့လဲ မတတ်နိုင်ပါဘူးဗျာ ။ အဲ့အစား
ဟန်ဘင်းကို solo performance နောက်တစ်ခု
ထပ်တိုးပေးမှာပါ "

" အဲ့လိုဆိုတိုင်း..... "

ဆူယျော့မှာစကားတောင်ဆက်မပြောနိုင်တော့ပေ ။
ဟန်ဘင်းမှာ ကျန်းဟာအိုနဲ့အလုပ်တူတူတွဲလုပ်ခွင့်
ရဖို့ ဘယ်လောက်တောင်မျှော်လင့်ခဲ့ရတဲ့သူလဲ ။

ဒီလိုလွယ်လွယ်ကြီးဖျက်ပစ်လိုက်ဖို့ကလွယ်လွန်း
လိုက်တာ..... ။

" ဘာကြောင့်လဲဆိုတာသိခွင့်ရှိမလား "

" ကျွန်တော်တို့လဲ ဒီတိုင်းဖျက်လိုက်တယ်ဆိုတာပဲ
သိရတာပါဗျ "

ဆူယျော့မှာသက်ပြင်းချပြီး ' ကောင်းပါပြီ ' ဟုဆိုကာ
ဖုန်းချလိုက်ရသည် ။

" ဟျောင်း ဘာဖြစ်လို့လဲ "

ဆောင်းဟန်ဘင်းက သူ့ကိုလှည့်ကြည့်ကာ
မေးလာသည် ။

သူဘယ်လိုပုံစံမျိုးနဲ့ပြောထွက်မလဲလေ ။

" ဟန်ဘင်း.... ကျန်းဟာအိုနဲ့ တွဲပြီး ဖျော်ဖြေမဲ့
အစီအစဉ်ကိုဖျက်ပစ်လိုက်တယ်တဲ့ "

ဆောင်းဟန်ဘင်းသိပ်တော့မတုန်လှုပ်ပေမဲ့
အနည်းငယ်တော့အံ့ဩရပါသည် ။

အဲ့လောက်ထိတုံ့ပြန်မှုကကြီးလိမ့်မယ်လို့
သူမထင်ခဲ့မိသောကြောင့်ဖြစ်သည် ။

" ဒေါသတွေထွက်လိုက်တာဆိုတာ သေတော့မယ် ။
အဲ့လိုလုပ်ချင်တိုင်းလုပ်ရလား ပရိတ်သတ်တွေကို
လေးစားမှုမရှိလိုက်တာ "

All in YouWhere stories live. Discover now