Jaded

818 113 6
                                    

Song recommendation for this part :
" Jaded "






~

" ခွမ်း !!! "

ဖန်ခွက်တစ်ခုကျကွဲသံကြောင့် အိပ်ရေးဆက်သူ
ကျန်းဟာအိုမျက်လုံးများမှာချက်ချင်းပွင့်လာခဲ့သည် ။

နိုးနိုးချင်းအိပ်ယာပေါ်တွင်သူတစ်ယောက်တည်းသာ
ရှိနေသောကြောင့် ဆောင်းဟန်ဘင်းတစ်ခုခုများ
ဖြစ်နေတာလားဆိုတဲ့ အတွေးနဲ့ အိပ်ယာကပေါ်က
လျင်မြန်စွာထကာ ဧည့်ခန်းထဲသို့အမြန်လှမ်းမိသည် ။

လက်ကနာရီကိုကြည့်မိတော့လဲ နံနက်ခုနစ်နာရီသာ
ရှိသေးတာဖြစ်ပြီး သူနှစ်နာရီလောက်ကောင်းကောင်း
အိပ်ပျော်သွားပါသဖြင့်ခြေလှမ်းတွေကသွက်လက်
နေခဲ့လေသည် ။

သို့သော် ဧည့်ခန်းထဲကဖန်ကွဲစတွေပြန့်ကျဲနေပြီး
လက်တွင်သွေးများစိုရွှဲနေပါသည့်မြင်ကွင်းနှင့်အတူ
ဆောင်းဟန်ဘင်းကို တွေ့လိုက်ရသောအခါ
ကျန်းဟာအိုမှာ ခြေလှမ်းတွေကိုတုံ့ခနဲရပ်လိုက်မိသည် ။

" ဟန်ဘင်း.....ဘာဖြစ် "

ကျန်းဟာအိုကစကားကိုဆုံးအောင်မမေးလိုက်ခင်မှာတင်
ဆောင်းဟန်ဘင်းခြေထောက်နားမှာကျနေတဲ့ သူ့ရဲ့
ဖုန်းနဲ့အတူလင်းနေသောမျက်နှာပြင်ကြောင့်
ကျန်းဟာအိုမျက်နှာတစ်ခုလုံးတွင် စိုးရိမ်စိတ်များက
ပြည့်နှက်သွားသည် ။

" ပျော်လားဟမ် ? "

ဆောင်းဟန်ဘင်းရဲ့သွားကြားထဲက အံကြိတ်သံနဲ့
ပြောလိုက်သောစကားမှာ ကျန်းဟာအိုရဲ့
အရိုးထဲသို့စိမ့်ဝင်သွားကာ သူ့ရဲ့ကြွက်သားများ
အားလုံးကိုတောင့်တင်းသွားစေသည် ။

" ငါ့ကိုရှင်းပြခွင့်ပေးပါ ။ မင်းနားထောင်ပြီးသွားရင်
ငါ့ကိုနားလည်သွားလိမ့်မယ် "

" ကျွန်တော်ကခဗျားကိုပဲ ထပ်ပြီးနားလည်ပေးရဦး
မှာလား ။ ကျန်းဟာအို ဒီလိုဆိုဘာလို့ဒီနေရာထိတောင်
အပင်ပန်းခံပြီးရောက်လာသေးတာလဲ ။ "

ဆောင်းဟန်ဘင်းရဲ့ ခနဲ့တဲ့စကားကြောင့်
ကျန်းဟာအိုရင်ဘတ်ထဲတွင်အလွန်တင်းကျပ်
သွားရသည် ။

သူဖြစ်ချင်ခဲ့တာဒီလိုမဟုတ်ကြောင်းကိုတော့
သူသေချာပေါက် ဟန်ဘင်းနားလည်အောင်
ရှင်းပြရမည် ။

All in YouWhere stories live. Discover now