Song recommendation for this part :
" Sign of the Time "~
" ဟ ဘာလဲ ကျန်းဟာအိုနဲ့ဆောင်းဟန်ဘင်း
ပွဲတူတူတက်ရမယ်လို့ပြောနေတာလား ?? "" အား !!! နောက်ဆုံးတော့ငါတို့ရဲ့ အချစ်တော်ကြီး
နှစ်ယောက်ကို တူတူတွေ့ခွင့်ရတော့မှာပေါ့ "" အိုက်ယား ဟန်ဘင်းနီးလေးကတော့ သူ့role model
လေးနဲ့တောင် တူတူပွဲတက်ခွင့်ရတော့မှာပါလား "" နေကြစမ်းပါဦး ထပ်ပြီးဆောင်းဟန်ဘင်းက
အခွင့်အရေးတွေရပြန်ပြီလား "" ငါတို့မင်းသားလေးကို trainee ဘဝထဲကကပ်ဖားပြီး
ဒီနေရာထိတောင်ရောက်လာတာပဲ ။ ဂုဏ်ယူပါတယ်
သားရေ ဆက်ကြိုးစား "" အပေါ်ကမန့်ပိုင်ရှင်ရေ စာရိုက်တတ်တိုင်း
လျှောက်ပြောမနေပါနဲ့ ကျန်းဟာအိုကိုနင်တို့ကြိုက်
တာထက် ဆောင်းဟန်ဘင်းက အဆတစ်ရာလောက်
ပိုကြိုက်တယ်ဟဲ့ သိရဲ့လား "" ကလေးတွေဖုန်းပေးမကိုင်ပါနဲ့ တောင်းပန်ပါတယ် ။
ညီမရေ မသိရင်လဲမပြောပါနဲ့နော် တအားတွေ
အတူတွဲမြင်ချင်နေတာသိပေမဲ့ ငါတို့လူက နင်တို့လူနဲ့
ပွဲတူတူတွဲမတက်ပါဖူးနော် "ကုမ္ပဏီတစ်ခုအောက်ထဲကနေ တူတူပွဲဦးထွက်လာပြီး
ခုထက်ထိ ဆုပေးပွဲမှာအတူဖျော်ဖြေမယ်ဆိုတဲ့
ဆောင်းပါးတစ်ခုလွဲရင် ကျန်တာဘာမှမရှိသေးတဲ့
နှစ်ယောက်ကြား ယခုလို Fashion week တစ်ခုက
ဖိတ်ခေါ်ထားတယ်ဆိုတဲ့ သတင်းတက်လာသောအခါ
တလောကလုံး ပွက်လောရိုက်ကုန်ပါတော့သည် ။ကျန်းဟာအိုပရိတ်သတ်များသည်လည်း
ဆောင်းဟန်ဘင်းက ပရိသတ်ပါပြောပြီး
နာမည်ရလာမှ စကားထဲတွင်တောင်ထည့်မပြော
လာခြင်းအပေါ် အမြင်မကြည်နေပုံရပါသည် ။" ကဲ !! ဒီပွဲကတော့ဘယ်လိုမှငြင်းလို့မရတဲ့ပွဲပဲ ။
Inter ဘက်ကနေမင်းတို့နှစ်ယောက်ကိုဖိတ်တာ
တရားဝင်လဲကြေညာထားပြီးသား အဲ့ဒါကိုမှ
ငြင်းပါတယ်ဆို ငါ့ကုမ္ပဏီတစ်ခုလုံးက
သူများသူတွေးခွက်ထဲထပ်မျောရုံပဲ ရှိတော့တယ် "ကင်မ်ဂျီအွန်းက ကျန်းဟာအိုရှေ့ကိုလပ်(ပ်)တော့
တစ်ခုတွန်းပို့ပေးပြီးပြောလေသည် ။
YOU ARE READING
All in You
Hayran KurguI like him but we're not meant to be..... Start Date : 3.7.2023 End Date : 10.8.2023