Anyone

814 113 2
                                    

Song recommendation for this part :
' Anyone '

~

" ဟန်ဘင်းရှီးက ခုနောက်ပိုင်းပရိတ်သတ်တွေ
အများကြီးတိုးလာပြီနော် ပြီးကျ အဲ့လူတွေက
တစ်ခြားကနေ ပြောင်းလာတယ်လို့ကြားတယ်
အဲ့ဒီ့အပေါ် ပရိတ်သတ်တွေကို စကားလေးနည်းနည်း
လောက်ပြောပေးပါဦး "

ဒီနေ့အင်တာဗျူးရဲ့ မေးမြန်းသူ ဆော့မက်သရူးရဲ့
အသံက စတူဒီယိုတစ်ခုလုံးတွင်ရွှင်ရွှင်ပျပျနှင့်
ပျံ့နှံ့နေသည် ။

အပေါ်ထပ်ဂျင်းပြာပြာကို ဘောင်းဘီဂျင်းအပြာနှင့်
တွဲဖက်ဝတ်ဆင်ထားတဲ့ ဆောင်းဟန်ဘင်းဟာ
အတော်လေးကိုအများအမြင်မှာထင်းနေပြီး
ပွဲရဲ့အဓိကဇာတ်ကောင်ပီသနေပါသည် ။

" အဲ့လိုမျိုးပြောင်းလာတယ်ဆိုတာကို ကျွန်တော်
တကယ်မသိပါဘူးဗျ "

" အယ် မျက်နှာကတော့သိနေတဲ့ရုပ်မဟုတ်ဘူးလားလို့ "

ဆော့မက်သရူးရဲ့ခပ်နောက်နောက်စကားကြောင့်
ဆောင်းဟန်ဘင်းက တစ်ချက်ရယ်လိုက်မိသည် ။

" တကယ်ပါ ပြောင်းလာတယ်ဆိုလဲ ကျွန်တော်က
နောင်တမရအောင်ကြိုးစားသွားမယ်လို့ ကတိပေး
ပါတယ်။ "

" ဟန်ဘင်းရှီးက လောဘကြီးတာပဲမဟုတ်ဘူးလား "

" လောဘကြီးလို့ပဲ မက်သရူးရဲ့ရှိုးမှာသုံးနာရီ
လောက်လာထိုင်နေတာလေဗျာ ။ ဒီလောက်ဆို
ကျွန်တော့်ဆီ မက်သရူးရဲ့ပရိတ်သတ်တွေပါ
ရောက်နေလောက်ပြီ "

ဟန်ဘင်းစကားဆုံးတော့ တစ်စတူဒီယိုလုံးက
လူတွေကပါ လိုက်ရယ်မိသွားကြသည် ။

" ကဲ ဟုတ်ပါပြီ ။ ဒါဆိုအခုရှိုးရဲ့နောက်ဆုံး
အပိုင်းကိုရောက်ပြီပေါ့ မဟုတ်ရင်လဲ ကျွန်တော့်
ပရိတ်သတ်တွေကုန်တော့မှာမလို့ မြန်မြန်အဆုံး
သတ်မှဖြစ်တော့မယ် "

" ဟုတ်တာပေါ့ အဆုံးသတ်ရမယ် "

ဆောင်းဟန်ဘင်းက ဆော့မက်သရူးရဲ့စကားကို
သံယောင်လိုက်ကာပြောလိုက်သည် ။

" နောက်ဆုံးအစီအစဉ်ကတော့ အနာဂတ်ကို
ကြိုတင်ဟောပြောခြင်းဆိုတဲ့ အစီအစဉ်ပါ
ကျွန်တော်က တားရော့ဟောတာတော်တာ
သိတယ်မလား "

All in YouWhere stories live. Discover now