One Last Time

1K 118 3
                                    

Song recommendation for this part :
" One Last Time "








~

ကျန်းဟာအို ဘလာဖြစ်နေတဲ့အပေါ်ပိုင်းအား
ရှပ်အကျီအဖြူလေးဝတ်လိုက်ပြီး အနည်းငယ်
ဖုံးသွားသော သူ့လည်ပင်းမှ ဆွဲကြိုးလေးကို
အကျီအပြင်သို့ထုတ်လိုက်သည် ။

ထို့နောက် အကျီကိုဂျင်းဘောင်းဘီအပြာထဲသို့
ထည့်ဝတ်လိုက်ပြီး ဦးထုပ်အနက်ရောင်တစ်လုံးကို
ခပ်ငိုက်ငိုက်ဆောင်းလိုက်သည် ။

နောက်ဆုံးမှာတော့ ကိုယ်လုံးပေါ်မှန်ရဲ့ဘေးက
အကျီချိတ်မှာရှိနေတဲ့ တစ်ထည်တည်းသော
ဂျင်းအကျီလေးအားယူလိုက်သည် ။

သည်အကျီမှာ နှစ်ထည်မရှိနိုင်သော ကျန်းဟာအိုနဲ့
ဆောင်းဟန်ဘင်း ကမ်းခြေမှာစကားများတဲ့နေ့က
ဆောင်းဟန်ဘင်း ကမ်းစပ်မှာချခဲ့သောအကျီလေးသာ
ဖြစ်ပါသည် ။

ဂျင်းအကျီကို အပေါ်မှထပ်၍ သူ့ရဲ့ဝတ်စားဆင်ယင်
မှုကို အဆုံးသတ်လိုက်ကာ ခရီးဆောင် CELINE အမဲ
ရောင်အိတ်ကိုဆွဲလို့ အခန်းထဲမှထွက်ခဲ့သည် ။

ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်လို့ တံခါး
နားတွင်ဓာတ်ပုံရိုက်ကာ ဆောင်းဟန်ဘင်းဆီပုံပို့
ရသေးသည် ။

ပုံမရိုက်ခင် သူကိုယ်တိုင်ပြောင်းပေးခဲ့သော
ဆံပင်အညိုရောင်တွေပေါ်သွားအောင် ဦးထုပ်ကို
ခဏချွတ်ပစ်ရသည် ။ သူကြောင့်နဲ့ဆောင်းဟန်ဘင်း
အမောနည်းနည်းလေးပြေသွားတယ်ဆိုရင်ဘဲ
ကျေနပ်မိပါသည် ။

" ငါလေဆိပ်ဆင်းတော့မယ် ကိုရီးယားရောက်ရင်
စာပို့လိုက်မှာမလို့ အလုပ်ကောင်းကောင်းလုပ်
ချစ်တယ်.. "

ကျန်းဟာအိုပုံလေးနဲ့အတူ ထိုစာကိုပို့ပေးပြီးလျှင်
ကွန်ဒိုတံခါးကိုပိတ်ကာ အောက်သို့ဆင်းခဲ့တော့သည် ။

ကျန်းဟာအိုက ဆောင်းဟန်ဘင်းရဲ့ concert ကို
တက်ဖို့အတွက် ကိုရီးယားကိုသွားခြင်းဖြစ်ပြီး
သည်နေ့ကတော့ concert မကျင်းပမီငါးရက်
အလိုဖြစ်သည်မို့ ဆောင်းဟန်ဘင်းဟာ
Rehearsal တွေနှင့်အလုပ်ရှုပ်လျက်ရှိသည် ။

ဒီနေ့နဲ့ဆို သူတို့မတွေ့ဖြစ်တာ ဆယ့်လေးရက်တိတိ
နှစ်ပတ်ရှိပြီဖြစ်ပြီး ဆောင်းဟန်ဘင်းတရုတ်က
ပြန်သွားသည်မှာလဲ နှစ်ပတ်ရှိပြီဖြစ်ပါသည် ။

All in YouWhere stories live. Discover now