Part 3🍒

284 4 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (3)

''အာ့ဆို ဟာနက အိမ်ထိန်းပေါ့နော်''

''ဟုတ်တယ်.....ကံကောင်းတယ်လို့ပြောရမယ် အဆောင်ပြန်အိပ်လို့ရတယ်လေ..မဟုတ်ရင် တနေကုန် အလုပ်ထဲပဲနေရမှာ..နုငယ်ကရော..အသက်တောင်မပြည့်သေးတဲ့ ကလေးက..ဖုန်းနံပါတ်ရော အဆက်အသွယ်တွေရော မသိဘဲ ဘယ်လိုပြန်မလဲ...ပတ်စ်ပို့စ်ကလည်း.. အခိုးခံရတာဆိုတော့... လေယာဥ်လက်မှတ်အတွက် အရှုပ်အထွေးဖြစ်လာနိုင်တယ်''

''နုငယ်လည်း...ဘာလုပ်ရမှန်းမသိတော့ဘူး''

''နုငယ်ကို အိမ်က cardမပေးထားဘူးလား အဲဒီcardနဲ့ဆို ဆက်သွယ်လို့ရလောက်တယ်''

''cardနဲ့သုံးရင် မားခြေရာခံလို့ရမှာမို့ ကိုကြီးက ငွေသားပဲ ထည့်ပေးလိုက်တာ''

''ဟူး...ဒါဆိုရင်တော့ ဟာန အလုပ်နားရက်ရောက်မှ တိုကျိုက ဟိုတယ်ကို သွားပြီးဆက်သွယ်လို့ရမှာပဲ နုငယ်''

''အာ့ဆိုရင်လေ... ဟာန အလုပ်နားရက်မရမချင်း နုငယ်ဟာန နဲ့တူတူလိုက်နေမယ်လေ နုငယ်အိမ်လခပေးပါ့မယ်... နုငယ်မှာပိုက်ဆံအများကြီးပါပါတယ်''

''အဟွန်း...ပေါက်စလေးရယ် ..အဆောင်ခဏ ဟာနစိုက်ပေးလို့ရပါတယ်..မုန့်သာကုန်အောင်စား....နုငယ် အဆောင်မှာနေလို့ရအောင် အဆောင်မှူးကိုပြောပေးပါ့မယ်''

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

''နုငယ်...ကုတင်ကကျဥ်းတယ်... အိပ်တတ်ပါ့မလား''

''ဟာနရယ်..အိပ်စရာနေရာလည်းရတာပဲ ကျေးဇူးတင်နေပါပြီ...ဟာနနဲ့သာမတွေ့ရင် နုငယ် လမ်းပေါ်အိပ်နေရမှာ..ပြီးတော့ အခန်းက ကောင်းပါတယ်''

''သူဌေးသမီးလေးဆိုတော့...ဒီလိုအခန်းကျဥ်းလေးမှာ မနေတတ်မှာမို့လို့ပါ''

''သူဌေးလည်းလူပါပဲ....ဒါနဲ့ ဟာန မနက်ဖြန်အလုပ်သွားရင် နုငယ်လိုက်မယ် ရမလား''

''မရဘူး နုငယ်ရဲ့ သူဌေးက အပြင်လူဝင်တာမကြိုက်ဘူး... အဆောင်မှာပဲနေခဲ့နော်..ဟာန ပြန်လာရင် မုန့်ဝယ်ခဲ့မယ်လေ''

''အင်းပါ...''

နုငယ် ဟာနကျေနပ်အောင်သာ ခေါင်းငြိမ့်လိုက်ပေမယ့် စိတ်ထဲမှာတော့ အကြံအစည်နဲ့သာ မျက်နှာတွင်လည်း ငါးခူပြုံးပြုံးနေလေ၏။

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now