Part 12🍒

208 5 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း(12)

''နုငယ် နင်တဂယ်ညစာမစားဘူးလား''

''ငါက စားချင်တဲ့ရုပ်ပေါက်နေလို့လား''

''မဟုတ်ပါဘူးဟယ်.....နင်ကလည်း တလုတ်တဆုတ်လောက်တော့ လိုက်စားပါဟယ်..... ဗိုက်အောင့်မယ်ဟ''

''မစားချင်ပါဘူးဟာ....ငါ့ဘာသာနေပါရစေ....နင်တို့သွားစားလေ...ဇွဲလည်းဆာနေရောပေါ့''

''နင်မစားရင်ငါလည်းမစားချင်ဘူးဟာ.....''

''ဂတုံးရယ် ငါ့စကားနားထောင်စမ်းပါ....ငါဆာရင်ဆင်းစားပါ့မယ်....ပြီးတော့ နင်က အစာလွန်လို့မရဘူးလေ''

''ဟုတ်သားပဲ ဇွဲရယ်လာပါ...''

နန်းက အတင်းခေါ်လို့သာလိုက်ရတယ် ဇွဲ လုံးဝဆင်းမစားချင်။သူပေးတဲ့အကြံကြောင့် သူသူငယ်ချင်းကဘတညနေလုံးလည်းမှိုင်နေ၏။အခုလည်းထမင်းမစား။ဟိုဟာရုကို ဆိုတဲ့မိန်းမကိုလည်းသူလုံးဝ မကျေနပ်။စိစိညက်ညက်ကြေအောင်လုပ်ပစ်လိုက်ချင်တယ်။ထမင်းသာဆင်းစားရတယ် ညစာစားပွဲမှာလည်း အဆင်ကမပြေ ကိုနတ်က အကပ်မခံတော့တာတောင် ဟိုမိန်းမ က တီလိုမျော့လို့ တွယ်နေ၏။ကျက်သရေနည်းလိုက်လေခြင်း။

နုငယ် စိတ်လုံးဝမကြည်တာမို့ ပန်းခင်းဘက်ကိုသွားဖို့ဆုံးဖြတ်လိုက်၏။အခန်းထဲက ပန်းအိုးကလည်း ​ညိုးနေပြီမို့ ပန်းအိုးကိုပါ ပန်းအသစ်ထိုးဖို့ယူလာခဲ့လိုက်သည်။

မမြင်ချင်လို့ရှောင်ပါတယ်ဆိုတာမှ သံလိုက်တပ်ထားသလို ဟာရုကိုနဲ့ တည့်တည့်ကြီးတိုးလေ၏။

!ဒီမိန်းမ ခုထိမပြန်သေးဘူး!

နုငယ်ပြဿနာမဖြစ်ချင်တာမို့ သူမကိုရှောင်ပြီး သွားလိုက်ပေမယ့်..

''ဟိတ်''

''ဟိတ်...ဒီမှာ တို့ မင်းကိုခေါ်နေတာလေ''

''ကျွန်မ မအားဘူး''

နုငယ်ထွက်သွားမလို့ လုပ်နေတုန်းမှာပဲ......

''ခွမ်း....အာ့''

''ရှင်...ဘယ်လိုဖြစ်နေတာလဲ...ဒီမှာပန်းအိုးလည်းကျပွဲသွားပြီ''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now