Part 14🍒

217 4 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (14)

''နတ်....''

''ဟင်''

အကုန်လုံး နုငယ်ရဲ့ အခန်းရှေ့မှာငြိမ်သက်စွာရပ်နေရင်းအတန်ကြာတော့ နေသခင်က စကားစလာတာမို့ အကုန်မျက်ခုံးလှုပ်နေ၏။

''ငါ့ဒေါသပြေပြီလို့မင်းထင်နေလား''

''မင်းက ထပ်ထိုးချင်လို့လား''

''ငါလူသတ်ချင်နေတာ......ငါ့ညီမပါးက ဒဏ်ရာက ဘယ်သူလဲ''

''အဲတာကျွန်တော်ပြောတဲ့ဟာရုကိုဆိုတဲ့ မြွေမ ကြောင့် ကိုကြီးနေ''

နေသခင်က ဒေါသမီးပေါက်ကွဲ နေပါတယ်ဆို ဇွဲက အဆင်းကို ဘီးလာတပ်လေ၏။

''ဘယ်မှာလဲ.....အဲဒီ အောက်တန်းစားမ''

''jouleသွားခေါ်ပေးလိုက်''

''ငါသိရသလောက်...မင်းရှယ်ယာရှင်ဆို''

''ငါကညနေထဲက လုပ်ချင်နေတာ သူငါ့ကလေးကိုပါးရိုက်တာငါမသိလိုက်ဘူး''

နေသခင် တချက်သာပြုံးမိသည်။သွေးပူတုန််းကသာ သောင်းကျန်းပေမယ့် စီးပွား​ရေးသမားချင်းဖြစ်တာရော ငယ်ငယ်ထဲက ပေါင်းလာတာရော​ကြောင့် နတ် တမင်လုပ်တာ မဟုတ်မှန်းတော့နေသခင်သိတယ်လေ။ဒါပေမယ့် လွယ်လွယ် ခွင့်မလွှတ်နိုင် မဟုတ်ရင်နောက်တခါဆိုတာ ရှိလာနိုင်သည်လေ။

''boss ကျွန်မကိုခေါ်တယ်ဆို''

''အင်....ဒါက ကိုယ့်ကလေးရဲ့ အကိုလေ...နေသခင်တဲ့''

''အော်....ပြန်ခေါ်သွားတော့မယ်ပေါ့....''

''ဘာလို့...ခေါ်ရမှာလဲ....ကိုယ့်ညီမက ဒီအိမ်ရဲ့ သခင်မလေ....မဆိုင်သူကလစ်ပေါ့''

''ညီမလိုပဲနော်ရိုင်းတယ်''

''ဒါပေါ့....ကိုယ်က ရိုင်းတယ်....မင်းလိုတော့ အောက်တန်းစားမဆန်ဘူး''

''bossကျွန်မကို ပြောနေတာကြားရဲ့လား''

''ကြားတယ်လေ''

နတ်က မသိသလိုနေနေတာမို့ ဟာရုကို အခက်တွေ့လေပြီ။

''နတ်  ဒီကောင်မ မင်းဆီရှယ်ယာဝင်တာရဲ့ သုံးဆငါဝင်မယ် ဒီကောင်မကိုငွေပြန်အမ်းလိုက်''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now