part 21🍒

245 6 0
                                    

ရေမြေခြားမှ နှလုံးသား

(or)

my nemophilia

အပိုင်း(21)

''ပျို''

''ဟင်....အော် ကိုကို ဘယ်တုန်းကရောက်နေတာလဲ''

''ခုပဲလေ.... မား က ပျို့ကိုခေါ်ခိုင်းလို့''

''ဟုတ်....သွားရအောင်လေနော်''

!မင်း မို့လို့ ဖြူစင်တဲ့ကလေးလေးအပေါ် ရက်စက်ရက်တယ်ပျို.....ကိုယ့်ကလေးကိုထိခိုက်အောင် လုပ်ချင်ဖို့ တွေးလိုက်တဲ့အချိန်ထဲက မင်းဟာ ကိုယ်ချစ်သူမဟုတ်တော့ဘူးပျို....!

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

မနေ့ညနေက မပြီးပြတ်သေးတဲ့စာရင်းတွေ လုပ်နေတာနဲ့ သူ ညတော်တော်နက်မှအိပ်ဖြစ်တာမို့ မနက်နိုးတော့ ကိုးနာရီရှိပြီဖြစ်သည်။ စူပါsundayဆိုတော့လည်းကိစ္စတော့မရှိပါ။ဒီလိုနေ့မျိုးမှာတော့ဖြင့် နေသခင် ညီမငယ်လေးကိုအချိန်ပေးတတ်သည်။သို့ပေမယ့် ဒီနေ့တော့ သူ့ရဲ့အမောပြေလေးအသံမကြားရသေးပါလား အိပ်ရာကများမနိုးသေးတာလား။

''ငယ်ငယ်ရေ.....ညီမလေး''

ညီမငယ်ရဲ့ နာမည်ကိုခေါ်ရင်း မီးဖိုခန်းကိုရောက်တော့....

''မမလေးမရှိပါဘူး....အကိုလေး''

''ဘယ်သွားတာလဲ...မားရော''

''မနက်စောစောလောက်က မမလေးသူငယ်ချင်းဆေးရုံတင်လိုက်ရတယ်လို့ လာပြောလို့ အန်တီကြီးနဲ့လိုက်သွားကြပါတယ်''

''ဘယ်သူလဲ....ဘယ်သူလာပြောတာလဲ''

''ဟို ကိုဇွဲအိမ်မက် ပါ''

''ဘာ!''

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

မမလေးသူငယ်ချင်းဆေးရုံတင်လိုက်ရလို့ ကိုဇွဲအိမ်မက် လာခေါ်တယ်လို့ပြောထဲက သူတွေးမိပေမယ့်လည်း မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းမိတာ မနေ့ကအထိအကောင်းကြီးရှိနေသေးတဲ့ကလေးက ဘာလို့ဆေးရုံတင်ရတာလဲ....သူနဲ့တောင်ညစာတူတူစားခဲ့တာ နေမကောင်းတဲ့ပုံလည်းမပေါ်တဲ့ကလေးက ခုအောက်စီဂျင်ပိုက်တန်းလန်းနဲ့တဲ့လား...သူမြင်ချင်တာဒီပုံစံတွေမှမဟုတ်ပါဘဲ...

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now