Part 19 🍒

309 7 0
                                    

ရေမြေခြားမှနှလုံးသား

(or)

my nemophilia

အပိုင်း(19)

Ring......Ring......

''ကျစ်''

ရင်ခွင်ထဲ အိပ်နေတဲ့ကလေးငယ်ကို တယုတယနဲ့ကြည့်မဝဖြစ်နေတုန်း နောင်ဘဝလူပြန်မဖြစ်မယ့် သာသနာဖျက် ဖုန်းက ဝင်လာတော့ စိတ်ပျက်သွားမိပေမယ့် ကလေးငယ် နိုးလာမှာစိုး၍ ကျစ် သက်ကာ ခပ်မြန်မြန်ပဲ ကိုင်လိုက်သည်။

''ဟဲလို ....ဖေ့သားကြီး''

တဖက်မှကြားလိုက်ရတဲ့အသံကြောင့်ပို၍ပင်စိတ်ပျက်သွားသည်။သို့သော်ငြားလည်း အနာဂတ်ရဲ့ ယောက်ဖတော်ရမယ့်လူမို့ ကြိတ်မှိတ်ကာ....

''ပြော....သူတောင်းစား''

''ခွေးသူတောင်းစားမင်းဟာလေ....ယဥ်ကျေးပြလို့ကိုမရဘူး....''

''မင်းဆီကသင်ထားတာ... ပြောဘာအကြောင်းတရားရှိလို့ အားအားယားယားဖုန်းလာဆက်နေတာလဲ''

''မင်းလိုကောင်ဆီလည်း အားအားယားယားဖုန်းမဆက်ဘူး... ငါ့ညီမနဲ့စကားပြောချင်တယ် ညီမလေးကိုပေးလိုက်''

''အိပ်နေတယ်..''

''ဦးနတ်ကောင်းကင် မင်းငါ့ညီမလေးကိုဆေးများခတ်ထားတာလား ငါဖုန်းဆက်တိုင်းအိပ်နေတာကြီးပဲ''

''ဟွန့်....ဒါကတော့ ငါ့ရဲ့ချစ်သဲလေးက ငါနဲ့နေရတာစိတ်ချမ်းသာလို့စားကောင်းအိပ်ကောင်းနေတာနေမှာပေါ့''

''ဘဝင်ရူးးး....''

''မနာလိုမရှိနဲ့ကိုယ့်လူ.... ဒီမှာမင်းနဲ့ငါက ကလေးလေးကိုကြိုက်တာတူနေပေမယ့် အခြေအနေချင်းကွာတယ်နော်...အဖြစ်ရှိစမ်းပါကွာ''

''ငါကလေ နီးတာထပ်ကိုပိုချင်နေပြီ လက်ထပ်ချင်တာ တပိုင်းကို သေလို့ နန်းက ငါ့ကို အသားလွတ်ကြီးကို ဗလိုင်းကြီးအမြင်ကတ်နေတာကွာ...အားကြီးခံစားရတယ်သိလား အခု ဖုန်းဆက်တော့လည်းမကိုင်ဘူး....စက်ပိတ်ထားတယ်တဲ့....ဘာလုပ်နေလဲငါ့ကလေး''

''မင်းကလေးကိုငါက လိုက်ကြည့်နေတာမှမဟုတ်တာ ငါ့အကောင်ပေါက်လေးနဲ့ငါတောင်အလုပ်ကိုရှုပ်လို့''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now