Part 6🍒

297 6 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (6)

''ဒါကြီးက ဘယ်နေရာကြီးလဲ''

''ကိုယ့်အခန်းလေ''

''ဟင်....မနေချင်ပါဘူးဆို....ခုနက နေရာလေးပဲ ပြန်သွားရအောင်လေ''

''အေးကောင်းသားပဲလာ....ဟာ...သွားစရာလား...အဲတာက မြေအောက်ခန်း နော်...လူသေတွေထားတာ..နေရဲ့လို့လား''

သူမလေးကို ကုတင်ပေါ်တွင် ထိုင်စေပြီး သူက မတ်တက်ရပ်နေတာမို့ နုငယ် ခဗျာ မော့ကြည့်ရတာ ဇာတ်လန်တော့မည်။

''ဘာ......ဘာလို့မနေရဲ့ရမှာလဲ....မကြောက်ဘူး''

''သေချာလို့လား''

''သေချာတယ်''

နတ် အတွက်အတော်ထူးဆန်းသည်။သူ့မှတ်ဉာဏ်မမှားဘူးဆို ငယ်ငယ်က သရဲကြောက်တတ်သည်။ခုတော့ သတ္တိတွေအတော့်ကိုကောင်းနေပါလား။အရွယ်ရောက်လာလို့များလား။ထိုအချိန်မှာပဲ.......

''ဒါပေမဲ့...မြေအောက်ခန်းကြီးဆိုတော့ အေးတော့အေးတယ် လေဖြတ်လိမ့်မယ်..ဒီအခန်းလေးမှာပဲနေတာ ကောင်းပါတယ်...နွေးနွေးထွေးထွေးလည်းရှိတယ်....နော်''

သူ သရဲကြောက်တိုင်း လိမ်မာချင်ယောင်ဆောင်နေတဲ့ ကလေးကို မရယ်မိအောင် မနည်းထိန်းရင်း.....

''အေးတဲ့အရသာလေးကိုကြိုက်တယ်ဆို''

''အဲဒါက ခုနက လေ ခု ကြက်သီး နည်းနည်း ထနေလို့''

''ဒါနဲ့ ရှင့်နာမည်ဘယ်လိုခေါ်လဲ''

''oujisama''

''အဲဒါက ဂျပန် နာမည်လား''

''အင်း...''

''ဘာ အဓိပ္ပါယ်လဲ''

! အဟွန်း.....လူကပဲ အရွယ်ရောက်လာတာ အရင်ကလိုပဲ စပ်စုတယ် ကိုယ်ဖက်ထားချင်တယ် ကလေးရယ်!

''ဖြေလေ''

''prince''

''မင်းသားလေးပေါ့....''

ဟုတ်တယ်ဆိုတဲ့ သဘောဖြင့် ​ခေါင်းညိမ့်ပြတော့

''တခြား နာမည်မရှိဘူးလားဟင်''

''General''

''ဟင်.....မြန်မာနာမည်ကို မေးတာ''

''နတ်ကောင်းကင်''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now