Part 5🍒

268 6 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (5)

''နုငယ်!''

''ဟာန.. အဟင့်''

''boss...boss နုငယ်ကိုဘာမှ မလုပ်ပါနဲ့နော်...သူက အသက်မပြည့်သေးတဲ့ ကလေးပါ ပြီးတော့မြန်မာနိုင်ငံသားပါ ဒီကလည်းမဟုတ်ပါဘူး အခုလည်း ကျွန်မနောက်ကလိုက်လာတာဖြစ်မှာပါ''

''ဟာန...နုငယ်ဒီမှာမနေချင်ဘူး....ပြန်ရအောင်နော်..ဒီလူကြီးက နာအောင်လုပ်တယ်....ဟင့်..''

''မငိုပါနဲ့..ကလေးရယ်..မလိုက်ပါနဲ့လို့ ဟာနပြောသားပဲ...bossကိုရအောင်ပြောပေးမယ်နော်''

''ဟာန... ဘာတွေပြောနေကြတာလဲ''

မြန်မာစကားတစ်လုံးမှ မတက်တဲ့ jouleကဝင်စပ်စုသည်။ထိုအခါမှာ တစ်ချိန်လုံးငြိမ်နေတဲ့နတ်ကောင်းကင်က နုငယ် ကိုယ်ပေါ်ကတစ်စုံတစ်ခုကိုသတိထားမိပြီး....

''မင်းက..ဒီက တစ်ယောက်ယောက်ဆီလာတာလား''

''ဟုတ်ပါတယ် boss..နုငယ်က အသိတစ်ယောက်ဆီလာရင်း လိပ်စာရော ဖုန်းပါ အလုခံလိုက်ရလို့ပါ... အဲတာကြောင့် ကျွန်မခဏခေါ်ထားတာပါ''

''မင်းကိုငါမမေးဘူးဟာန.. ကာယကံရှင် ဖြေပါစေ''

''boss ပြောတာ သူမှ နားမလည်တာ''

ဟုတ်သားပဲ ဒါကြောင့် သူကသာ မေးနေရတာ ဟိုဟာလေးက လှည့်၍ပင်မကြည့် စောက်ကလေးလေး..

''ဟိတ်....ဒီမှာ... မင်းက မြန်မာလား...''

''အင်း''

''အော်..''

နတ်ကောင်းကင်စိတ်ထဲတွင်တော့....!ဖြေနေတာလေးကိုက ကိုင်ပေါက်ချင်စရာလေး ငါလုပ်သတ်လိုက်ရင်တော့ သူ့အကို နေသခင်က ငါ့ကို သတ်လိမ့်ဦးမယ်!

''မင်းက လေယာဥ်ကွင်းက ဆင်းဆင်းချင်းမှာ အိတ်အလုခံရတာဖုန်းပါပါသွားလို့ မင်းအကိုကိုလည်းဆက်သွယ်လို့မရဘူးပေါ့''

''ဒီမယ်..ရှင်ကြီးက အကုန်သိနေရအောင်.. ဘာလဲ သန်းခေါင်စာရင်း ဌာနကလား''

''ဟာန ပြောတာလေ''

''မေးလား''

!ဗြောင်လိမ်နေတာလေးက လုပ်ချင်စရာ!

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now