Part 13 🍒

209 4 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း(13)

လွန်ခဲ့သောငါးနှစ်1995ခုနှစ် ဒီဇင်ဘာ12ရက်ဆီသို့

သူ့ရဲ့ညီမငယ်အသက်12နှစ် နတ် ထွက်သွားတာ2နှစ်ပင်ပြည့်တော့မည်ဖြစ်၏။

''ကိုကြီး....နုငယ်.. ဟိုမုန့်စားချင်တယ်''

ညီမလေး ကျောင်းပိတ်ရက်မို့ လျှောက်လည်ကြရင်း အိမ်ပြန်လမ်းမှာ ညီမငယ်က မုန့်စားချင်တယ်ပြောတာကြောင့် ကလေးငယ် လက်ညိုးညွှတ်ပြရာကိုကြည့်လိုက်တော့ လက်တွန်းလှည်းလေးတစ်စီးကိုလူအုံနေတာတွေလိုက်ရ၏။

''ငယ်ငယ်.....ညီမလေးက ဘာရောင်းနေလဲသိလို့လား''

''သိဘူးလေ....''

''မသိပဲနဲ့စားချင်နေတာလား.....မကြိုက်ရင်ဘယ်လိုလုပ်မလဲ''

''နုငယ်မကြိုက်လည်းကိုကြီး ကြိုက်တယ်လေနော်....ဝယ်ကျွေးပါ''

''အဟွန်း....ဟုတ်ပါပြီ ကလေးရယ်...ဟိုမှာက လူအရမ်းများနေတော့ ညီမလေးဒီကစောင့်နော် ငြိမ်ငြိမ်နေနော်ကလေး...ကိုကြီးသွားဝယ်ပေးမယ်နော်''

နေသခင် လူတွေအများကြီးမှာစီတန်းပြီးဝယ်နေရတဲ့မုန့်က ကပ်စည်းနဲတဲ့လေ။မုန့်လည်းမြန်မြန်ရအောင်တိုးရင်း ညီမငယ်ကိုလည်းစိတ်မချတာမို့လှည့်ကြည့်ရင်းနေရလေသည်။ထိုအချိန်လေးမှာပဲ နေသခင့်နားထဲဆူညံသံများကြားလာရတာကြေယင့်လှည့်ကြည့်လိုက်တော့...

''ငယ်ငယ်....''

နေသူခင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထူပူသွားရ၏။ထိုလူစိမ်းတစ်ယောက်က ဓားတစ်ချောင်းကိုကိုင်ထားပြီး ဘေးနားပတ်ပတ်လည်တွင်လည်း ရဲများ ဝန်းရံနေပြီး ပို၍ ဆိုးဝါးသည်က ထိုလူစိမ်း၏ လက်ထဲ၌ သူ၏ညီမငယ်ရှိနေတာပင် ။ညီမဇောကြောင့် ကားတွေကိုပါ ဂရုမစိုက်နိုင်တော့ဘဲ ထိုအရေးအခင်းနားရောက်သွား၏။

''ဟေ့လူ ဖြစ်တဲ့ပြဿနာက ကလေးနဲ့မဆိုင်ဘူးလွှတ်ပေးလိုက်''

''တိတ်စမ်း....ငါ့ကိုအခုထွက်ပေါက်ပေး လုံးဝအဖမ်းမခံနိုင်ဘူး''

''မင်းကို အကုန်ဝိုင်းထားပြီးပြီး ကလေးကိုလွှတ်ပေးလိုက်ပါ''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now