Part 7🍒

256 7 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (7)

''ဇွဲ နင်အဆင်ရောပြေရဲ့လား...နင့်ကြည့်ရတာ မောနေသလိုပဲ''

''မဟုတ်ပါဘူးဟာ...ငါနည်းနည်းစိတ်ကျဥ်းကြပ်လို့ပါ''

'' ဟုတ်တယ်နော်......အခန်းက နည်းနည်းတော့ကျဥ်းတယ်  နေသားတော့ကျသွားမှာပါ''

''ငါတို့အပြင်ခဏလောက်ထွက်ရအောင်လေကွာ''

''အေး... အပြင်ခဏသွားထိုင်မယ်လေ''

မောင်နှမ နှစ်ယောက်ရှေ့မှာထိုင်နေတုန်း သူတို့
သူတို့ ရှေ့က အမျိုးသမီး တစ်ယောက် ဖြတ်လျှောက်သွားတော့....

''နန်းရေ...နန်း...နန်း...''

သူမနာမည်ကို တတွတ်တွတ်ခေါ်ရင်း လက်ကို တံတောင်နဲ့တွတ်နေပေမယ့် ဇွဲအိမ်မက်ရဲ့မျက်ဝန်းများကတော့ တလက်လက် တောက်လျက် ရှေ့ထံပါးက အမျိုးသမီး ထံ၌သာ...ထိုအချိန် အဆောင်ထဲမှ အဆောင်ပိုင်ရှင် ထွက်လာ၍

''ဟာန ပြန်လာပြီလား...ကလေးမလေးကတော့ မနက်ထဲက ထွက်သွားတာ ခုထိပြန်မလာသေးဘူးကွယ်..အဒေါ်စိတ်ပူနေတာ''

အဆောင်ရှင်ရဲ့စကားကြောင့်ဟာန မျက်နှာ ပျက်သွားလျက်

''ဒီလိုပါ အဒေါ် သူ့ကို ကျွန်မရဲ့bossက အလုပ်ပေးလိုက်လို့ပါ ဟိုမှာက နေစရာလည်းရတော့ သူ့ကိအြဆောင်ကိုပြန်ခေါ်မလာတော့တာပါ သူ့အဝတ်တွေကိုတော့ မနက်မှ ကျွန်မ ယူသွားပါ့မယ်ရှင်''

''ဟုတ်ပါပြီကွယ်....သူ့အတွက်ကောင်းသွားတာပေါ့...အဒေါ် အဆောင်ခ ပြန်ပေးပါ့မယ်''

''ရပါတယ် အဒေါ်ရယ်......... ဒါဆို ကျွန်မ ကို သွားခွင့်ပြုပါနော်''

''အေးပါကွယ်''

ယဥ်ကျေးမှုအရသာ ပြုံးပြနှုတ်ဆက်ခဲ့ရပေမယ့် ဟာန စိတ်ထဲတွင်တော့လုံးဝ မကောင်းပါ...နုငယ် ဒီလိုဖြစ်ရတာ သူမ အပြစ် မကင်းဘူးလို့ပဲ ခံစားနေရသည်။

သူမတို့ရှေ့က အမျိုးသမီး အဆောင်ထဲဝင်သွားသည့်တိုင် တုတ်တုတ်မလှုပ်ပဲ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ဇွဲကို အမြင်ကတ်လာတာကြောင့် နန်း တစ်ယောက် အားကုန်သုံးပြီး
နရင်း ကိုအုပ်ချလိုက်တော့သည်။

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now