Part 15🍒

233 5 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း(15)

''မဟုတ်ဘူးလေဒေါက်တာ ကြောက်ရင် သူများနဲ့ပြောလည်းရတယ်လေ...အခုကလေးက စကားကိုမပြောတာ....စိတ်ကျရောဂါနဲ့များဆိုင်နေတာလား''

''ကျွန်တော်ပြောချင်တာလည်းအဲဒီသဘောပါပဲ လူနာက အခု ပုံမှန်လိုတည်ငြိမ်နေပေမယ့် ဒဏ်ရာတွေရတဲ့အချိန် မသိစိတ်ကကြောက်က်စိတ်ဝင်ပြီး အာရုံကြောတွေကိုထိန်းချုပ်လိုက်တဲ့ပုံစံမျိုးပါ''

''လူနာက အခု စကား ပါ မပြောနိုင်တော့တာမဟုတ်ဘူး....ခြေထောက်ကပါ မလှုပ်ရှားနိုင်တော့ပါ''

''နောက်တာ ကုသဖို့နည်းလမ်းမရှိနိုင်ဘူးလား''

''လူနာက စိတ်ကျရောဂါရှိတယ်ဆိုရင်အရင်ကလည်းဖြစ်ဖူးမှာပေါ့''

''ဟုတ်ပါတယ် ဒါပေမယ့် ....အရင်က ဒီလောက်မပြင်းထန်ဘူးလေ..... အခုဟာက.....မဖြစ်နိုင်ပါဘူးဒေါက်တာရယ်''

နေသခင် အခြေအနေတွေကိုအတင်းငြင်းဆန်နေပေမယ့်လည်း......

''လူနာက အရမ်းစိတ်ဖိစီးမှုများနေလို့ပါ.....အချိန်အတိအကျတော့ ကျွန်တော်လည်းမပြောနိုင်ဘူး.....သူစိတ်ပါမှ လှုပ်ရှားမှုတွေပြန်လုပ်နိုင်မှာ..... သူသာစိတ်မပါရင် တသက်လုံးအတိုင်းအတာနဲ့လည်းဖြစ်သွားနိုင်တယ်''

''မဟုတ်ဘူး......ကုသနည်းရှိရမှာပေါ့....ဒေါက်တာ အဲလိုမျက်နှာလွှဲလို့မရဘူးလေ.... ဒေါက်တာက တော်တယ်လေ ပါရဂူဘွဲ့က. နားကြပ်နဲ့ စမ်းသပ်တတ်ရုံနဲ့မှ မရနိုင်တာ....ပြီးတော့ ဆရာဝန်လေ ပျောက်အောင်ကုပေး...ကုပေးဗျာ''

''ဟေ့ကောင်နတ်...ငြိမ်ငြိမ်နေစမ်း''

ညီမငယ်အတွက်ပူဆွေးနေရတဲ့အထဲ အခုတော့ သွေးရူးသွေးတန်းဖြစ်ပြီး ဆရာဝန်ကို သတ်မလိုဖြတ်မလိုပြောနေတဲ့ သူငယ်ချင်းကိုလိုက်ထိန်းနေရသည်။

''နေ....နေ...ငါ့ကလေးလေ....ကလေးကလေ....မဟုတ်ဘူးမလား....အဲလိုမဖြစ်ရဘူးလေကွာ''

''ဟျောင့်....စိတ်ကိုအေးအေးထားစမ်းပါ..''

''ဒေါက်တာ......ဆေးနဲ့ရောမြန်မြန်ပျောက်အောင်ပံ့ပိုးပေးနိုင်လား''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now