Part 16🍒

234 6 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း(16)

''ငယ်....အိမ်ထဲ ပြန်ဝင်တော့မလား''

''.............''

''ဝင်မယ်မလား.....လာ.....အပြင်လေက ပြင်းတယ်''

နတ် ကလေးငယ်ကို ကောက်ပွေ့ကာချီလာပြီး သူ့အလုပ်ခန်းသို့ဦးတည်လာခဲ့သည်။

''ငယ်......ဒီမှာခဏလေးနေနော်.....ကိုယ် အကြံရတုန်းလေးတစ်ခု နှစ်ခုလောက်လုပ်ချင်လို့''

သူမကို ဆိုဖာပေါ်ထိုင်စေပြီး စာအုပ်နဲ့ခဲတံကို
ကိုင်တာ မျက်မှောင်ကြုတ်လျက်အလုပ်ရှုပ်နေပုံ
က တဂယ် ပင်ကြည့်ကောင်းပါသည်။

" ငယ်ငယ် ......ညီမလေး"

ပြန်ခါနီး ညီမလေးကိုနှုတ်ဆက်ဖို့ အခန်းထဲတံခါး‌ခေါက်ပြီး ၀င်လာလိုက်တော့ .......နတ်က သူ့ကို ဘာလဲဆိုတဲ့ အထာနဲ့ မေးဆတ်ပြ၏။နေသခင်လည်း မျက်စောင်းထိုးကာပြန်ကြည့်ရင်း အခန်းထဲ၀င်လာပြီး..........

"ငယ်ငယ်..... ကလေးလေး ကိုကြီးပြန်တော့မယ်နော်.... ဆေးလည်းသေချာသောက်နော်.....လကုန်ရင် တစ်ခေါက်ပြန်လာမယ်နော်.......မငိုရဘူးနော်.....ကိုကြီး‌ပြောတာ‌တွေလည်းမမေ့နဲ့သိလား .....မာမား ကိုလည်းစိတ်မပူနဲ့နော် ကိုယ် အဆင်ပြေ အောင် ပြောပေးထားမယ်"

ညီမငယ်က ဟုတ်ကဲ့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ‌ပြုံးပြ ပြီး ခေါင်းညိမ့်ပြလာတာမို့......နဖူးလေးကိုအသာနမ်းလိုက်ပြီး.....နတ် ဘက်ကိုလှည့်ကြည့်တော့ သူ့ကို ဆူပုတ်ပြီး ကြည့်နေတာမို့........

"bye byeသူတောင်းစား"

"အရိုင်းအစိုင်းကောင်"

"မင်းလည်းငါ‌ပြောတာတွေ မမေ့နဲ့ သားလေး"

"ကြွ ကြွ"

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

"နန်း...."

"ကိုကြီး...တဂယ်ပြန်တော့မှာလား"

"အင်း ......နန်း လည်း လိုက်ချင် တခါထဲ ပြန်လိုက်ခဲ့ပါလား"

"ရပါတယ် ကိုကြီးရဲ့ နုငယ်က နေမကောင်းဘူးလေ ....နန်း....မထားခဲ့ချင်ဘူး"

"အင်းပါ....သတိရရင်ဖုန်းဆက်လေနော်....အခုတလော နှလုံးကရော အောင့်သေးလား"

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now