Part 10🍒

228 5 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း(10)

''အိမ်ကြီးကလှလိုက်တာနော် နုငယ်''

''အင်းနော်....အထူးသဖြင့် ပန်းခင်းကြီး အပိုင်ရရင်ကောင်းမှာပဲ''

''အော်...နင်ကလည်း လွယ်လွယ်လေး ပစ္စည်းကိုလိုချင်ရင် ပိုင်ရှင်ကိုသိမ်းရတယ်''

''ဇွဲပေါက်နော်....နင်ကစဖို့ပဲသိတယ်''

နုငယ် ပြောရင်းဇွဲရဲ့ လက်မောင်းကိုခပ်စပ်စပ်လေးထုလိုက်တော့ ဇွဲအိမ်မက်က ဆူပုတ်ပုတ်နဲ့ကြည့်ရင်း....

''ဘာလဲ...... နင်က ကိုနတ် ကိုမချစ်ဘူးလား''

''အဲဒါက....''

''ဘာခံစားချက်မှ မရှိဘူးလား ကိုနတ် အပေါ်မှာ''

''နေစမ်းပါဦး နင်ကဘာလို့ သူ့ဘက်က သက်သေလိုက်ပေးနေတာလဲ''

''ငါကသက်သေလိုက်ပေးတာမဟုတ်ဘူး ငါကဘေးလူ အဲတော့ ဒီကိစ္စမှာ ကာယကံရှင်ထက် အမှန်တရားကိုမြင်ရတယ် နင်လိုငမွှေထိုးမက ဒီအိမ်ကြီးမှာထွက်မပြေးဘဲ သုံးရက်လောက်နေနေထဲက ထူးဆန်းနေပြီ''

''အင်း.....ဟုတ်ပါတယ်လေ....ငါသူ့ကိုဒီခြံထဲမှာစစတွေ့တော့ သူ့ကိုရင်ခုန်မိတာအမှန်ပဲ ပြီးတော့ သူက ကိုကိုကောင်းနဲ့နာမည်ပါဆင်နေတော့ သူများဖြစ်နေမလားဆိုပြီး ဒီမှာနေနေတာ.......
နင်တို့လည်းသိတာပဲ ငါ့ဘဝရဲ့ပထမဆုံး အချစ်က ငါ့ကိုကိုကောင်းလေ....''

''ဒါဆို အဖြေပေးလိုက်တော့လေ''

''အဲလောက်မလွယ်ဘူး ဇွဲရဲ့...ငါက မိန်းကလေးလေ ခဏတာရင်ခုန်တာလောက်ကို အချစ်လို့ခေါ်လို့မရသေးဘူး.....ကျန်တဲ့ကိစ္စမှာငါအလေးအထားပေမယ့် ဒီကိစ္စက အလေးထားရမယ်...ငါ့ရဲ့ရည်းစားဦးကို ငါတဂယ်မချစ်တဲ့လူ မဖြစ်စေချင်ဘူး......ပြီးတော့သူနဲ့ငါက အသက်8နှစ်ကျော်တောင်ကွာတာအဲတော့ သူနဲ့ငါနဲ့ကြားမှာရင့်ကျက်မှုကအစ ကျန်တဲ့အရာတွေမှာပါ ကွာခြားမှုတွေရှိတယ်.....အဲတော့ ငါသူ့ကို တဂယ်ချစ်မချစ်တိကျတဲ့ ဆုံးဖြတ်ချက်တစ်ခုအတွက်ငါစဥ်းစားနေတာ''

''ဝါး........''

''ကောင်စုတ် ဘာဖြစ်တာလဲ အဲတာက''

''ငါ့သူငယ်ချင်း ဆီက အရမ်းကိုလေးနက်တဲ့စကားလေကြားတော့ ဂုဏ်ယူလုံးဆို့သွားတာ''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now