Part 20🍒

269 4 0
                                    

ရေမြေခြားမှနှလုံးသား

(or)

my nemophilia

အပိုင်း(20)

မအိပ်ခင်ငိုထားလို့ထင်ပါရဲ့ သူမလေးရဲ့ မျက်ခွံလေးတွေမို့အစ်နေပြန်၏။ နေသခင် နတ်ရဲ့အိမ်ကိုရောက်ရောက်ချင်းပဲ သူမလေးကို ​မေးတော့ အခန်းထဲမှာအိပ်နေတယ်ဟုပြောသောကြောင့် အခန်းထဲဝင်လာကြည့်တော့ ရင်နာစရာ မျက်လုံးမို့အစ်အစ်လေးတွေနဲ့ လက်ဖမိုးဖြူနုနုလေးက ဒဏ်ရာက စောင့်ကြိုနေ၏။ ဆေးထည့်ပေးနေရင်း ဒီဒဏ်ရာကိုသူမုန်းလှပါသည်။ သူတောင်နာအောင်မလုပ်ရက်တဲ့ မထိရက်တဲ့ ဒီလက်ကလေးကို ဒီဒဏ်ရာကနာကျင်စေသည်တဲ့လား ။သူရဲ့ကလေးငယ်က ဒါကြောင့်များ ငိုထားသလားတွေးမိပြန်တော့လည်း ဒေါသထွက်ရပြန်သည်။သူမလေးနဲ့ မျက်နှာချင်းဆိုင်ပြီးစကားတွေအများကြီးပြောလိုက်ချင်ပေမယ့် အိပ်မောကျနေတော့ မနှိုးရက်ပေ။ရီဝေဝေ မျက်လုံးများက မျက်နှာဝင်းမွတ်မွတ်လေးကိုသာစူးစိုက်ကြည့်ရင်း အတိတ်နေ့ရက်တွေဆီသို့...........

လွန်ခဲ့သော (2)နှစ်

''ကိုကို''

နေသခင် စာရင်းဇယားတွေနဲ့ရှုပ်နေတုန်းကြားလိုက်ရတဲ့ ခင်ပျိုမဒီရဲ့ ချွဲအီအီ အသံကြောင့် စိတ်ဖိစီးမှုတွေပိုလို့တောင်များလာသည်။

''ကိုကိုလို့....ပျိုခေါ်နေတယ်လေ''

''ဟင်...အွန်း....ပြောလေ ဘာလို့လဲ''

''ဟွန့်...ကိုကိုကလည်း ဒီအလုပ်တွေပဲလုပ်နေတာ ပျိုက ကိုကို့ချစ်သူဆိုတာသတိရပါဦးလား''

''ကိုယ် သတိရပါတယ်''

နှုတ်ကသာ ဖြေလိုက်ရပေမယ့် ရင်ဘက်ထဲတွင်တော့မဲ့ပြုံးနဲ့ပင်။ ခင်ပျိုမဒီဟာ နေသခင်၏ ချစ်သူဖြစ်၏။ အတိအကျပြောရရင်တော့ အပေးအယူချစ်သူပေါ့။ခင်ပျိုမဒီရဲ့အဖေဟာ နေ့ ကုပ္မဏီရဲ့ အင်အားကြီးရှယ်ယာရှင်ဖြစ်နေသလို နေသခင်ရဲ့ ဆရာကျေးဇူးရှင်ဆိုလည်းမမှားပါ။ ပါပါး ဆုံးတဲ့အချိန်မှာ မာမားက ဘာအင်အားမှမရှိတော့ ဦးထက်ထင် ကပဲ ကုပ္မဏီကို ဦးစီးပေးခဲ့ပြီး နေ့ ကိုလည်း လုပ်ငန်းပိုင်းကျွမ်းကျင်အောင်သင်ကြာပေးခဲ့သည်။ဒါတွေအားလုံးရဲ့ အဖိုးအခ အဖြစ် ဦးထက်ထင်ဟာ သူ့သမီးလေးကို စောင့်ရှောက်ပေးစေချင်တယ် ချစ်သူရည်းစားအဖြစ်ပေါ့။သူများဆီကယူထားလို့သာ ပြန်ပေးနေရပေမယ့် နေသခင့်ရင်ထဲ မေတ္တာ တစ်စက်မှမပါပါ။ သူ့မေတ္တာတွေကိုအိပ်သွန်ဖာမှောက်ပေးချင်တာက နန်းတစ်ယောက်ကိုပဲလေ။

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now