Chapter-7

2.1K 209 30
                                    

ဗျူဟာ ကားပေါ်ကဆင်းလိုက်ခြင်းပင်
အိမ်​​ရှေ့မှာဒေါ်လေးမြိုင်က အဆင်
သင့်စောင့်ကြိုနေသည်။

ဦးထင်ပိုင် ကိုယ်တိုင်ဖုန်းဆက်ပြီး
ဥက္ကဌအိမ်ကို လာခဲ့ပါလို့
အမိန့်ပေးတော့ သူ့အဖေစကားကို မလွန်ဆန်နိုင်၍ အရောက်လာခဲ့
ခြင်း။

" သခင်လေး အဖေဒေါသထွက်နေတယ် သတိထားပါ"

ခပ်တိုးတိုး သတိပေးစကားဆိုတဲ့
ဒေါ်လေးမြိုင်ကို ဗျူဟာ ​ခေါင်းငြိမ့်ပြပြီး အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

" ဗျူဟာက ငယ်ငယ်လေးထဲကအား
လုံးရဲ့ အလိုလိုက်တာကိုခံရပြီး
အရာရာသူ့သဘောအတိုင်းပဲ
သခင်​လေးလိုနေခဲ့ရတာဆိုတော့
အန်တီနားလည်ပါတယ်။
သူ့ညီကိုပဲ ကျောင်းပြောင်းခိုင်း
လိုက်ပါမယ် "

" မဟုတ်တာ ​​အန်တီ"

" ဆန်းဆက်က သူ့အစ်ကိုကိုအမြဲ
လေးစားပြီး ခင်ချင်ရှာတာပါ။ ဗျူဟာ
က သူ့ညီလေးကို ဘာဖြစ်လို့အလို
မကျဖြစ်​နေမှန်း အန်တီတို့ မသိပေမယ့်လည်း နားလည်ပေးပါတယ်၊။ အထိုး
ခံလိုက်ရတဲ့ဒဏ်ရာကြောင့် ပါးတစ်ဖက်ကတောင်ရောင်နေလို့ ထမင်းမစားနိုင်ဘူး ဘယ်လိုဖြစ်တယ်ဆိုတာ လည်း
လုံးဝမပြောပြဘူး သူ့အမေအတင်း​
မေးမှ ဘယ်သူထိုးလိုက်တာလည်းဆိုတာ အန်တီတို့သိရတာ"

ဧည့်ခန်းထဲကိုသူ ရောက်ရောက်ခြင်း
ပင် ဦးထင်ပိုင်နဲ့ ပုံမှန်ထက် အသံကျယ်ကာပြောနေသော ​ဒေါ် တင့်တင့်ရီ

သူမကြားလိုက်သလိုသာ ခြေလှမ်းတွေ ရှေ့ဆက်လိုက်လျက်။

" ကျွန်တော်ရောက်ပြီ အ​ဖေ"

ဦးထင်ပိုင်က သူကိုလှည့်ကြည့်လာသည်။

" လာထိုင်"

" ဗျူဟာကို ဘာဖြစ်လို့ခေါ်လိုက်တာလဲသား "

" သူကိုယ်တိုင်ပြောတာ နားထောင်သင့်တယ်ထင်လို့"

သူ့အ​ဖေ​ဘေးမှာ ဝင်ထိုင်လိုက်တော့
ဦးထင်ပိုင်ရဲ့အသံက မာ​နေလျက်

"ညီအစ်ကိုအချင်းချင်း ဘာဖြစ်လို့
ဆန်းဆက်ကို ထိုးလိုက်ရတာလဲဆိုတာ
ဗျူဟာ မင်းဆီကဖြေရှင်းချက်ကို
အဖေနားထောင်ချင်တယ်"

The First He GlaredWhere stories live. Discover now