The Last he glared-4

1.2K 147 38
                                    

"မကြီး!!"

အင်ကြင်းဝမ်းသာအားရနှင့်
အားရပါးရလက်ပြလိုက်မှပင်
မကြီးသက်နှင်းနှင့်အဲရစ် ရပ်​​စောင့်
နေသည့်​နေရာကို သူ​တွေ့သည်။

အင်ကြင်းက မကြီးဆီချက်ချင်း​ပြေး
သွားသည်မလို့ အင်ကြင်းရဲ့luggage
ကို သူထိန်းကိုင်လိုက်ရချိန်။

"ငါ့က​လေး​တွေ ​ရောက်လာပြီ"

မကြီးကလည်းအ​ပြေးလာပြီး သူနှင့်
အင်ကြင်းကိုလက်နှစ်ဖက်ဆန့်ပြီး​ပွေ့ဖက်လျက်

"အဲရစ်နှုတ်ဆက်လိုက်အုံး သက်နှင်း​
မောင်​လေးနဲ့ညီမ​လေးကို"

"လမ်းခရီးအဆင်​ပြေလား ​ပေးအိတ်​
တွေငါ့ကို"

"ရတယ် ကျွန်​တော်ဆွဲလာမယ်"

"​ပေးစမ်းပါ"

အဲရစ်က အပြင်မှာ​တွေ့​တော့အသား
ပိုဖြူပြီးအရပ်မြင့်မြင့် ​ထောင်​ထောင်​
မောင်း​မောင်းနှင့်ပင်ဖြစ်သည်။

အားနာလို့တား​လည်းမရ။
အဲရစ်ကိုအင်ကြင်းရဲ့luggageနဲ့လက်ဆွဲအိတ်သာ​ပေးလိုက်ပြီး သူ့
အိတ်​တွေကို​တော့အဲရစ်လက်ထဲမပါ
သွားဖို့ သူ့ဘာသာဆွဲထားရသည်။

မကြီးက​တော့ ပါးစပ်​ညောင်းမတတ်
အပြုံးမျက်နှာနှင့်ပင်။

"​နေစင်အရပ်ကမြင့်လာလိုက်တာ တစ်
ကယ်လူပျို​ပေါက်ကြီးဖြစ်​နေပြီ။ငါ့​မောင်​လေးက​ချောလာလိုက်တာ"

"မကြီး အင်ကြင်းက​ရော"

"အမ​လေး ရှင်ကမင်းသမီး"

"အိမ်အမြန်ပြန်ကြရ​အောင် သူတို့နားချင်​ရော​ပေါ့"

"ဟုတ်တယ် ​လေယာဥ်အဆင့်ဆင့်
စီးလာရတာ တစ်ကယ်ကိုယ့်အိပ်ယာ
မှာလှဲအိပ်ချင်​နေပြီ။ ပြီး​တော့ဗိုက်​
လည်းဆာ​နေတယ်။မကြီးထမင်း
ချက်ထား​ပေးမယ်လို့​ပြောထားတယ်​နော်"

"အဆင်သင့်အိမ်​ရောက်တာနဲ့လက်​​
ဆေးပြီးစားရုံပဲ လာသွားမယ်။​နေစင်လာသား အိမ်ပြန်ရ​အောင်။အထုပ်​တွေ
အဲရစ်ကို​ပေးလိုက် "

"ရတယ် မကြီးကျွန်​တော့်ဘာသာ
သယ်လို့ရတယ်"

လွယ်ထားတဲ့
​ကျောပိုးအိတ်မပါသွားဖို့တင်းတင်း
ကိုင်ထားပြီး မကြီးလက်ဆွဲသွားရာ
အ​နောက်မြန်မြန်လိုက်ရ​တော့သည်။

The First He GlaredWhere stories live. Discover now