" ကျွန်တော် ကျောင်းသွားတော့မယ်အမေ"
"ရေငုံ နှုတ်ပိတ်ပြီး စိတ်ကောက်နေတဲ့ကောင် လေး စကား ပြန်ပြောပြီသမီးရေ"
" မသိပါဘူး သမီးဖြင့် ကိုယ့်မောင်လေးစကားတောင်မပြောတတ်တော့ဘူး
လားလို့""မလတ်နော်"
ဆိုင်ကယ်သော့ကိုယူပြီးနေစင်ဟန်
သူ့အမေကို စကားပြောလိုက်တော့
စက်ချုပ်နေတဲ့ အမေနဲ့ အလုပ်သွားဖို့ပြင်ဆင်နေတဲ့မလတ်က သူ့ကိုစသည်။" ကျောင်းတက်ရတာအဆင်ပြေ
တယ်မလားနေစင် ""ဟုတ်"
"ဘာလိုလဲ မုန့်ဖိုးလိုလား စာအုပ်ဖိုး
တွေဘာတွေ လိုရင်လဲမလတ်ကိုပြော
ကြားလား""မလိုသေးပါဘူး"
ဆံပင်ကိုစု စည်းနေရင်း
အနားကပ်ပြီး လာပြောတဲ့မလတ်
ကိုသူ ခပ်တိုးတိုးပဲပြန်ပြောလိုက်တယ်။စိတ်ထဲတော့သိပ်မပါ။ အခုမလို
သေးပေမယ် နောက်လိုတော့မှာပဲ။သူတို့မိသားစုက လူတန်းစေ့ နေနိုင်ရုံလောက်ပင်။ လေးနှစ်စာဆိုလျှင်ရာ
ဂဏန်းကိုကျော်နေသည့် စရိတ်ပေးရတဲ့ ပုဂ္ဂလိက ကျောင်းကို သူကိုထားပေး
ချင်ကြတဲ့ မိဘတွေနဲ့ အကိုနဲ့အမရဲ့
စေတနာကို နားမလည်လို့တော့မဟုတ်၊။ အနာဂတ်အတွက် ကောင်းတယ် ပြည်ပကပေးမယ့် ဘွဲ့ကိုကိုယ့် ပြည်တွင်းမှာပဲ ကျောင်းတက်ပြီးယူလို့ရတယ်ဆိုပေမယ့် လောလောဆယ်တော့ သူတို့
အဘိုးအဘွားဆီက ရထားတဲ့အမွေ
ထဲကနေ၊ အဖေနဲ့အမေကပထမတနှစ်စာအတွက်စွန့်စားလိုက်တာပင်။ ပြီးတော့ အင်ကြင်းအမေ ကြောင့်လည်းပါသည်
။ သူ့ကိုလည်းသားသမီးလိုချစ်တဲ့
အင်ကြင်းအမေက ပညာသင်စရိတ်
ကို သူထောက်ပံ့ပေးမယ်လို့
အဖေ့ကိုဆွယ်လိုက်တာကနေစတာပင်။ အဖေက အင်ကြင်းအမေဆီကနေလည်းပထမနှစ်တစ်ဝက်စာကို ယူခဲ့ရပြီး
လစာကြိုထုတ်သည့်သဘောနှင့် ခဏယူထားတာပင်။အင်ကြင်းအမေက သူထောက်ပံ့တာလို့ ပြောပေမယ့်
နေစင်ဟန် တို့ မိသားစု က သေချာ
ပေါက် ပြန်ပေးမှာပင်။သူ တို့ မိသားစုက က ငယ်ငယ်ထဲက
နေသူခုနှစ်တန်းတက်ခါနီးအထိ
ကျောက်ဆည်မှာနေခဲ့တာ။
အစ်ကိုက အဘွားတို့ဆီမှာ အလုပ်
သွားလုပ်ရင်းအိမ်ထောင်ကျ
အဘိုးနဲ့အဘွားတို့ကလည်း သူတို့ကို
ပါ ပြောင်းလာဖို့စီစဥ်ခိုင်းတော့အဘိုး အဘွားအမွေပေးသည့်ခြံကိုရပြီး
မန်းလေးခရိုင်ထဲသို့ ပြောင်းလာခဲ့
ခြင်းပင်။ လက်ရှိအကိုတို့မိသားစု
ကတော့အဘွားတို့နဲ့ပဲအတူနေနေတယ်။
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....