The Last He Glared-3

1.1K 140 29
                                    

ကွန်ဒိုတံခါးပွင့်လာခြင်းပင်မြင်လိုက်
ရတာက ရှင်းသန့်ရဲ့ကြည်လင်​နေသည့်မျက်နှာ။သူ့ပုံစံ​လေးအတိုင်းပဲရှင်းသန့်က ​အေး​ဆေးစွာပြုံးပြ၍ပင်။

"ဝင်လာခဲ့​လေ ​နေစင်"

"မ​တွေ့ရတာ​တောင်ကြာပြီ
​ကျန်းမာ​ရေးကောင်းရဲ့လားရှင်းသန့်"

"​ဟိုတ​လောက​တော့ဖျား​သေးတယ်။
မင်း​ရော အဆင်​ပြေလား"

"အင်း ငါအဆင်​ပြေတယ်"

"ထိုင်​နေအုံး။ဘုန်းက အခန်းထဲမှာ။ဘာ​သောက်မလဲ ငါသွားယူ​လိုက်အုံးမယ်"

"ရှိတာပဲယူခဲ့​နော် ရှင်းသန့်"

အဝတ်အဖြူထည်တစ်စ ငြင်သာစွာ
အနားကထွက်သွားသလို ရှင်းသန့်က
ပြုံးလျက်မီးဖို​ချောင်ထဲကိုဝင်သွား
သည်။

ဧည့်ခန်းထဲကို သူဟိုကြည့်ဒီကြည့်လုပ်
လိုက်​ပေမဲ့ ဘုန်းပြည့်ကွန်ဒိုကပရိ​
ဘောဂတချို့ကလွဲ ဘာမှ​တော့
မ​ပြောင်းလဲ။ရှင်းသန့်နဲ့ဘုန်းပြည့်
အတူတူ​နေ​နေသည်မှာ လည်း သူတို့
ပထမနှစ်ထဲကပင်။မထင်ထားရ​လောက်​အောင်ပဲ ​ကောင်မ​လေးရည်းစားများ
တဲ့အ​ပျော်ကြိုက်တဲ့ ဘုန်းပြည့်က
ရှင်းသန့်နဲ့မှ ငြိမ်သက်​နေကာ မြဲ​နေ၏။

အခန်းထဲက​နေ အကျီလက်ရှည် လက်
အနားကို​ခေါက်ရင်း ထွက်လာတဲ့
ဘုန်းပြည့်က ထိုင်​နေတဲ့ သူ့ကို​တွေ့သွား​တော့ ​ရောက်လာပြီလားဆိုသည့်
အကြည့်တစ်ချက်နှင့်သာ။

" မင်းဘယ်သွားမလို့လဲ ဘုန်းပြည့်"

"သွားစရာရှိလို့ ခဏပဲ ပြန်လာခဲ့မယ်။
မင်း​နေအုံးမယ်မလား ​နေ့လည်မှပြန် ။
ရှင်းသန့်နဲ့ခဏ​စောင့်​နေလိုက် တခုခုမှာ
စားထား"

"ဘယ်သွားမလို့လဲ"

"အန်တီနီလာဆီ"

ဖိနပ်စီး​နေရင်း ဘုန်းပြည့် သူ့ကိုတစ်
ချက်ပြန်လှည့်ကြည့်သည်။

"အန်တီနီလာ ဟိုတစ်​လောက​နေမ​ကောင်းဘူးကြားတယ်။​ဆေးရုံသွားပြလိုက်ရတယ်တဲ့။အဲ့တာငါအန်တီ့ဆီခဏသွားမလို့။
မင်းကငါ့ကိုလာမယ်ဆိုတာ ဒီမနက်မှ
ဖုန်းဆက်တာကို ။ငါအန်တီ့ကိုဒီ​နေ့
လာမယ်လို့​ပြောထားပြီးသား အဲ့တာ​
ကြောင့်"

The First He GlaredWhere stories live. Discover now