Chapter-21

2.1K 167 50
                                    

ဒေါ် ခိုင်နီလာအသက်နှစ်ဆယ်အရွယ်လောက်ကဖြစ်သည်။ မိဘတွေချင်း
ရင်းနှီးပြီး နှစ်ယောက်လုံးကလည်း သိ
ကျွမ်းလာကြတာ ကြာခဲ့ပြီမို့လို့မိဘ​တွေ
ရဲ့သ​ဘောတူ တိုက်တွန်းမှုနဲ့အတူ
ဒေါ် ခိုင်နီလာနဲ့ဦးထင်ပိုင်မှာ နားလည်မူ
တစ်ခုနဲ့ရွှေ​ရွှေချင်းထပ်​သည့်ချစ်သူ​တွေအဖြစ်သို့​အလိုလိုရောက်ရှိသွားသည်။
မိဘ​တွေက ငယ်​သေးတာမလို့တစ်
ယောက်ကိုတစ်ယောက်​လေ့လာဖို့အ
ချိန်​ပေးထားပြီး လက်ထပ်ဖို့က​တော့
နှစ်ဦးလုံးဆန္ဒရှိတဲ့အချိန်မှပင်။

ဒေါ် ခိုင်နီလာနဲ့ဦးထင်ပိုင်ချစ်သူဘဝကို ​လေးစားနားလည်မှုနှင့်ပင် အဆင်ပြေစွာ
နှင့် ဖြတ်သန်းခဲ့တာနှစ်နှစ်​ကျော်ပင်ရှိ
လုပြီ။ဒေါ်ခင်နှင်းမွန်က ဒေါ် ခိုင်နီလာကို ချွေးမဆိုတာထက် သမီးတစ်ယောက်လို ချစ်ခဲ့သလို သားဖြစ်သူထပ်ပင် ဂရုတ
စိုက်ရှိ​ပေးခဲ့သည်။

ဦးပိုင်ဦးနဲ့ဒေါ်ခင်နှင်းမွန်ဆီမှာ ငယ်
ငယ်ထဲက မွေးစားထားခဲ့ကြတဲ့ ကျော်
မြင့်သူဆိုတဲ့ သားတစ်ယောက်လည်းရှိသည်။

ဒေါ် ခိုင်နီလာအသက်နှစ်ဆယ့်​နှစ်နှစ်အ​ရောက် မိဘ​တွေ စောင့်ဆိုင်း​နေကြ
တဲ့ ဦးထင်ပိုင်နဲ့ဒေါ် ခိုင်နီလာ
​စေ့စပ်ပွဲကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့်
လပိုင်းအလိုပင် ဦးထင်ပိုင်ရဲ့အ​မေ ​
ဒေါ် ခင်နှင်းမွန်က နှလုံးရောဂါဖြင့်ရုတ်တရက် ဆုံးပါးသွားသဖြင့် မင်္ဂ
လာယူမဲ့ကိစ္စကို နောက်ဆုတ်ထားခဲ့
လိုက်ရသည်။

ကြားထဲမှာဦးထင်ပိုင်ရဲ့ စီးပွားရေး
ကိစ္စ​တွေ​မအားမလပ်ဖြစ်​နေတာရယ်
ဒေါ် ခိုင်နီလာအသက်ကငယ်​သေးတာ
ကြောင့်ပါ မင်္ဂလာယူမဲ့ကိစ္စက​
နောက်ဆုတ်သွားပြီး
ဒေါ်ခင်နှင်းမွန် ဆုံးပါးပြီး နှစ်နှစ်ခွဲ​
လောက်အကြာမှာ ဦးပိုင်ဦးကသူ၏
ငယ်ချစ်ဖြစ်သူ ​ဒေါ်တင့်တင့်ရီနဲ့ ဒုတိယအိမ်ထောင် ပြုခဲ့သည်။ ဦးထင်ပိုင်
ကမကန့်ကွက်သလို
ဒေါ် ခိုင်နီလာကလည်း ထိုနည်း၎င်းပင်။
ဒေါ်တင့်တင့်ရီမှာ ​စိုးယု​မော်နဲ့​
​နေသူထဋ်ဆိုတဲ့သားနဲ့သမီး နှစ်
ယောက်ရှိပြီး​ဒေါ်တင့်တင့်ရီက ဦးပိုင်ဦး
အိမ်မှာ လာ​​ရောက်နေထိုင်​ပေမဲ့
သားနဲ့သမီးကတော့ ​ဒေါ်တင့်တင့်ရီ
အိမ်မှာပဲကျန်​နေခဲ့သည်။

The First He GlaredWhere stories live. Discover now